Translate

Friday, October 25, 2019

HIV အမေးအဖြေ

Unicode
မကြာခဏမေးလေ့ရှိသောမေးခွန်းများ



Q: HIV နှင့် AIDS ဘာကွာသနည်း။
A: “HIV”နှင့်“AIDS”ဟူသော အခေါ်အဝေါ်များသည် ရောဂါတစ်ခုတည်းကို ရည်ညွှန်းသည့်အတွက် ထိုအခေါ်အဝေါ်များကို သင်ရှုပ်ထွေးကောင်းရှုပ်ထွေးသွားနိုင်ပါသည်။ သို့သော်HIV သည် ဗိုင်းရပ်စ်၏အမည်ဖြစ်ပြီး AIDSသည် ရောဂါ၏နောက်ဆုံးအဆင့်ကို ဖော်ပြပါသည်။ ထိုအဆင့်တွင် ရောဂါပိုးကူးစက်ခံရသူ၏ ကိုယ်ခံအားစနစ်သည် ပျက်စီးသွားပြီး ထိုသူ၏ခန္ဓာကိုယ်သည် အခြားရောဂါများကို တိုက်ထုတ်နိုင်ခြင်းမရှိတော့ပါ။

Q: HIV/AIDS ၏လက္ခဏာများမှာ အဘယ်နည်း။
A: HIV ပိုးကူးစက်ခံရပြီး ပထမ(၂)ပတ်မှ(၁)လအတွင်းတွင် အချို့လူများသည် တုပ်ကွေးကဲ့သို့သောလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်အခြားသော လိင်မှတစ်ဆင့်ကူးစက်သည့် ရောဂါများကဲ့သို့ HIV ကူးစက်ခံရသော လူတစ်ဦးတွင် ရောဂါလက္ခဏာများ တသက်မတ်တည်းမရှိပါ။ ဆေးရုံဆေးခန်းတွင် သွားရောက်စစ်ဆေးခြင်းသာလျှင် HIV/AIDS ရောဂါရှိ၊မရှိ အမှန်တကယ်သိနိုင်သည့် တစ်ခုတည်း သောနည်းလမ်းဖြစ်ပါသည်။

Q: HIV ပိုးရှိသူချင်း လိင်ဆက်ဆံရင် Condom သုံးဖို့လိုသလား။
A: HIVပိုးရှိသူချင်းလိင်ဆက်ဆံပါက Condom သုံးဖို့လိုပါသည်။ HIV ပိုးရှိသူတစ်ဦးစီတွင် HIVပိုး အမျိုးစားများ မတူညီပါ။ မတူညီသော ရောဂါပိုးများသည် အန္တရာယ်ပိုများ ပြီးခုခံအားကို လျင်မြန်စွာကျဆင်းစေပါသည်။

Q: လိင်ဆက်ဆံပြီးတဲ့ ကွန်ဒုံးကို ပြောင်းပြန်သုံးရင် ဘာဖြစ်နိုင်သလဲ။
A: လိင်ဆက်ဆံပြီးတဲ့ကွန်ဒုံးကို ပြောင်းပြန်သုံးပါက ရောဂါပိုး ကူးစက်ရန် ပိုမိုလွယ်ကူပါသည်။ ကွန်ဒုံးသည် တစ်ခါသုံးအတွက်သာဖြစ်ပါသည်။

Q: Female Condom ကို အလွယ်တကူ ဝယ်လို့ရလား။ Female Condom ကရော Male Condom လို ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သလား။
A: Female Condom ကို Male Condom လောက် ဝယ်ယူရန် မလွယ်ကူသော်လည်း စနစ်တကျအသုံးပြုပါက ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါသည်။

Q: Condom Packing ကွာလျှင် အထဲက ပစ္စည်း ကွာလား။
A: အရောင်၊ အနံ့၊အရွယ်အစား ကွာခြားနိုင်သော်လည်း အခြေခံဖွဲ့စည်းပုံ တူညီပါသည်။

Q: Condom နဲ့ ပတ်သက်ပြီး ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ရာခိုင်နှုန်းအပြည့်အာမခံ နိုင်မလား။
A: ရာခိုင်နှုန်းပြည့်ကတော့ မပြောနိုင်ပါဘူး။ Condom သုံးရင် စနစ်တကျရှိဖို့ရယ်၊ ပေါက်ပြဲနေသော Condom မဖြစ်ဖို့နှင့် သက်တမ်းမကျော်လွန်သော Condom ဆိုရင်တော့ ရာခိုင်နှုန်းပြည့်နီးပါး ကာကွယ်နိုင်ပါတယ်။

Q: HIV ပိုးရှိသူကို နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့က ဘာတွေကူညီနိုင်သလဲ။
A: HIV ပိုးရှိသူကို နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့က ရောဂါရှိသော်လည်း စိတ်ဓါတ် မကျဘဲ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်ရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်၊ နှစ်သိမ့်ဆွေးနွေးမှု ခံယူသူ ကိုယ်တိုင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချမှတ်နိုင်စေရန် ကူညီနိုင်ပါသည်။

Q: သွေးပေနေသော သောက်ရေခွက်ကို နောက်တစ်ယောက်က သောက်မိရင် အိပ်ချ်အိုင်ဗီပိုး ကူးလား။
A: အိပ်ချ်အိုင်ဗီပိုးသည် လူ၏အပေါ်ယံအရေပြားနှင့် အစာလမ်းကြောင်းနံရံကို ဖောက်ထွင်း၍ ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သောက်သူ၏နှုတ်ခမ်းတွင် အနာရှိနေလျှင်မူ ထိုအနာမှတဆင့်ကူးစက်နိုင်ပါသည်။

Q: အိပ်ချ်အိုင်ဗီပိုးက ခွေးတို့၊ ကြောင်တို့ကိုက်လျှင် ကူးနိုင်လား။
A: အိပ်ချ်အိုင်ဗီပိုးသည် လူ့ခန္ဓာကိုယ်တွင်သာ အသက်ရှင်နေနိုင်ပါသည်။ အခြားတိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင် အသက်ရှင်မနေနိုင်ပါ။

Q: လိင်ဆက်ဆံချိန် ဆေးထည့်လျှင် ရောဂါမကူးဘူး ဆိုတာ ဟုတ်လား။
A: လိင်ဆက်ဆံချိန် ဆေးထည့်လျှင် ရောဂါမကူးဘူး ဆိုတာ မဟုတ်ပါဘူး။

Q: HIV ပိုးက ပြင်ပမှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။
A: အသက်ရှင်နိုင်ရန် လိုအပ်တဲ့ပတ်ဝန်းကျင်ရဲ့ အပူချိန်၊ လေထုစိုထိုင်းစ၊ အလင်းရောင်ထိတွေ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး အသက်ရှင်နိုင်ပါတယ်။ ဒီအချက်တွေနဲ့ မပြည့်စုံရင်တော့ မိနစ်အနည်းငယ် အတွင်း သေသွားနိုင်ပါတယ်။

Q: HIV ပိုးရှိသူ အမျိုးသမီးက ကလေးလိုချင်ရင် ယူသင့်သလား။
A: အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းတို့မှ ဆုံးဖြတ်ရန်ဖြစ်သည်။ မိခင်မှကလေးသို့ HIVပိုး ကူးစက်ခြင်းကို စနစ်တကျကာကွယ်လျှင် ကလေးသို့ ကူးစက်နှုန်း အလွန်နည်းပါးသည်။

Q: ရောဂါရှိသော မိခင်မှ မွေးသောကလေးသို့ ရောဂါမကူးအောင် ကာကွယ်နိုင်ပါ သလား။
A: ကာကွယ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်ကို HIV ကလေးထံ ကူးစက်မှုအနည်းဆုံးနည်းဖြင့် မွေးနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ ကလေးကို ပိုးပာန့်တားဆေး တိုက်ကျွေးခြင်း၊ မွေးဖွားပြီး နှို့မှုန့်(သို့မပာုတ်) မိခင်နို့တစ်မျိုးတည်းကို (၆)လ အထိ တိုက်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

Q: HIV ပိုးရှိသော ကိုယ်ဝန်ဆောင် မိခင်က ဘယ်လိုပြုမူနေထိုင်သင့်သလဲ။
A: ကိုယ်ဝန်ရှိမှန်းသိသိချင်း တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ကိုယ်ဝန်စောင့်ရှောက်မှု အစောဆုံး ခံယူရပါသည်။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နှင့် နို့တိုက်ကျွေးချိန်တို့တွင် ကလေးထံသို့ HIV ပိုး ကူးစက်နိုင်သည့် အန္တရာယ်ကို လျှော့ချနိုင်ရန် ပိုးပာန့်တားဆေးများ သောက်ရပါမည်။

Zawgyi
မကြာခဏမေးလေ့ရှိသော မေးခွန်းများ
Q: HIV နှင့် AIDS ဘာကွာသနည်း။
A: “HIV”နှင့်“AIDS”ဟူသော အခေါ်အဝေါ်များသည် ရောဂါတစ်ခုတည်းကို ရည်ညွှန်းသည့်အတွက် ထိုအခေါ်အဝေါ်များကို သင်ရှုပ်ထွေးကောင်းရှုပ်ထွေးသွားနိုင်ပါသည်။ သို့သော်HIV သည် ဗိုင်းရပ်စ်၏အမည်ဖြစ်ပြီး AIDSသည် ရောဂါ၏နောက်ဆုံးအဆင့်ကို ဖော်ပြပါသည်။ ထိုအဆင့်တွင် ရောဂါပိုးကူးစက်ခံရသူ၏ ကိုယ်ခံအားစနစ်သည် ပျက်စီးသွားပြီး ထိုသူ၏ခန္ဓာကိုယ်သည် အခြားရောဂါများကို တိုက်ထုတ်နိုင်ခြင်းမရှိတော့ပါ။

Q: HIV/AIDS ၏လက္ခဏာများမှာ အဘယ်နည်း။
A: HIV ပိုးကူးစက်ခံရပြီး ပထမ(၂)ပတ်မှ(၁)လအတွင်းတွင် အချို့လူများသည် တုပ်ကွေးကဲ့သို့သောလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်အခြားသော လိင်မှတစ်ဆင့်ကူးစက်သည့် ရောဂါများကဲ့သို့ HIV ကူးစက်ခံရသော လူတစ်ဦးတွင် ရောဂါလက္ခဏာများ တသက်မတ်တည်းမရှိပါ။ ဆေးရုံဆေးခန်းတွင် သွားရောက်စစ်ဆေးခြင်းသာလျှင် HIV/AIDS ရောဂါရှိ၊မရှိ အမှန်တကယ်သိနိုင်သည့် တစ်ခုတည်း သောနည်းလမ်းဖြစ်ပါသည်။

Q: HIV ပိုးရှိသူချင်း လိင်ဆက်ဆံရင် Condom သုံးဖို့လိုသလား။
A: HIVပိုးရှိသူချင်းလိင်ဆက်ဆံပါက Condom သုံးဖို့လိုပါသည်။ HIV ပိုးရှိသူတစ်ဦးစီတွင် HIVပိုး အမျိုးစားများ မတူညီပါ။ မတူညီသော ရောဂါပိုးများသည် အန္တရာယ်ပိုများ ပြီးခုခံအားကို လျင်မြန်စွာကျဆင်းစေပါသည်။

Q: လိင်ဆက်ဆံပြီးတဲ့ ကွန်ဒုံးကို ပြောင်းပြန်သုံးရင် ဘာဖြစ်နိုင်သလဲ။
A: လိင်ဆက်ဆံပြီးတဲ့ကွန်ဒုံးကို ပြောင်းပြန်သုံးပါက ရောဂါပိုး ကူးစက်ရန် ပိုမိုလွယ်ကူပါသည်။ ကွန်ဒုံးသည် တစ်ခါသုံးအတွက်သာဖြစ်ပါသည်။

Q: Female Condom ကို အလွယ်တကူ ဝယ်လို့ရလား။ Female Condom ကရော Male Condom လို ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သလား။
A: Female Condom ကို Male Condom လောက် ဝယ်ယူရန် မလွယ်ကူသော်လည်း စနစ်တကျအသုံးပြုပါက ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါသည်။

Q: Condom Packing ကွာလျှင် အထဲက ပစ္စည်း ကွာလား။
A: အရောင်၊ အနံ့၊အရွယ်အစား ကွာခြားနိုင်သော်လည်း အခြေခံဖွဲ့စည်းပုံ တူညီပါသည်။

Q: Condom နဲ့ ပတ်သက်ပြီး ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ရာခိုင်နှုန်းအပြည့်အာမခံ နိုင်မလား။
A: ရာခိုင်နှုန်းပြည့်ကတော့ မပြောနိုင်ပါဘူး။ Condom သုံးရင် စနစ်တကျရှိဖို့ရယ်၊ ပေါက်ပြဲနေသော Condom မဖြစ်ဖို့နှင့် သက်တမ်းမကျော်လွန်သော Condom ဆိုရင်တော့ ရာခိုင်နှုန်းပြည့်နီးပါး ကာကွယ်နိုင်ပါတယ်။

Q: HIV ပိုးရှိသူကို နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့က ဘာတွေကူညီနိုင်သလဲ။
A: HIV ပိုးရှိသူကို နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့က ရောဂါရှိသော်လည်း စိတ်ဓါတ် မကျဘဲ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်ရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်၊ နှစ်သိမ့်ဆွေးနွေးမှု ခံယူသူ ကိုယ်တိုင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချမှတ်နိုင်စေရန် ကူညီနိုင်ပါသည်။

Q: သွေးပေနေသော သောက်ရေခွက်ကို နောက်တစ်ယောက်က သောက်မိရင် အိပ်ခ်ျအိုင်ဗီပိုး ကူးလား။
A: အိပ်ခ်ျအိုင်ဗီပိုးသည် လူ၏အပေါ်ယံအရေပြားနှင့် အစာလမ်းကြောင်းနံရံကို ဖောက်ထွင်း၍ ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သောက်သူ၏နှုတ်ခမ်းတွင် အနာရှိနေလျှင်မူ ထိုအနာမှတဆင့်ကူးစက်နိုင်ပါသည်။

Q: အိပ်ခ်ျအိုင်ဗီပိုးက ခွေးတို့၊ ကြောင်တို့ကိုက်လျှင် ကူးနိုင်လား။
A: အိပ်ခ်ျအိုင်ဗီပိုးသည် လူ့ခန္ဓာကိုယ်တွင်သာ အသက်ရှင်နေနိုင်ပါသည်။ အခြားတိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင် အသက်ရှင်မနေနိုင်ပါ။

Q: လိင်ဆက်ဆံချိန် ဆေးထည့်လျှင် ရောဂါမကူးဘူး ဆိုတာ ဟုတ်လား။
A: လိင်ဆက်ဆံချိန် ဆေးထည့်လျှင် ရောဂါမကူးဘူး ဆိုတာ မဟုတ်ပါဘူး။

Q: HIV ပိုးက ပြင်ပမှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။
A: အသက်ရှင်နိုင်ရန် လိုအပ်တဲ့ပတ်ဝန်းကျင်ရဲ့ အပူချိန်၊ လေထုစိုထိုင်းစ၊ အလင်းရောင်ထိတွေ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး အသက်ရှင်နိုင်ပါတယ်။ ဒီအချက်တွေနဲ့ မပြည့်စုံရင်တော့ မိနစ်အနည်းငယ် အတွင်း သေသွားနိုင်ပါတယ်။

Q: HIV ပိုးရှိသူ အမျိုးသမီးက ကလေးလိုချင်ရင် ယူသင့်သလား။
A: အမျိုးသမီးနှင့် ၄င်း၏ခင်ပွန်းတို့မှ ဆုံးဖြတ်ရန်ဖြစ်သည်။ မိခင်မှကလေးသို့ HIVပိုး ကူးစက်ခြင်းကို စနစ်တကျကာကွယ်လျှင် ကလေးသို့ ကူးစက်နှုန်း အလွန်နည်းပါးသည်။

Q: ရောဂါရှိသော မိခင်မှ မွေးသောကလေးသို့ ရောဂါမကူးအောင် ကာကွယ်နိုင်ပါ သလား။
A: ကာကွယ်နိုင်ပါသည်။ ကိုယ်၀န်ဆောင်မိခင်ကို HIV ကလေးထံ ကူးစက်မှုအနည်းဆုံးနည်းဖြင့် မွေးနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ ကလေးကို ပိုးပာန့်တားဆေး တိုက်ကျွေးခြင်း၊ မွေးဖွားပြီး နှို့မှုန့်(သို့မပာုတ်) မိခင်နို့တစ်မျိုးတည်းကို (၆)လ အထိ တိုက်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

Q: HIV ပိုးရှိသော ကိုယ်ဝန်ဆောင် မိခင်က ဘယ်လိုပြုမူနေထိုင်သင့်သလဲ။
A: ကိုယ်ဝန်ရှိမှန်းသိသိချင်း တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ကိုယ်ဝန်စောင့်ရှောက်မှု အစောဆုံး ခံယူရပါသည်။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နှင့် နို့တိုက်ကျွေးချိန်တို့တွင် ကလေးထံသို့ HIV ပိုး ကူးစက်နိုင်သည့် အန္တရာယ်ကို လျှော့ချနိုင်ရန် ပိုးပာန့်တားဆေးများ သောက်ရပါမည်။
Credit#

Thursday, October 24, 2019

ကာလာသားရောဂါ

ကာလာသားရောဂါ (Syphilis) အကြောင်းသိကောင်းစရာ




လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်၍ ရေရှည်၌ ခများကိုယ်တွင်းအင်္ဂါအများစုကို ဆိုးဆိုးရွားရွားထိခိုက်နိုင်ပါသည်။ ရောဂါဖြစ်ခါစတွင်ပင်ဆီလင်ဆေးနှင့် စောစောစီးစီးကုသလျှင် ရောဂါ၏ဆိုးကျိုးများမဖြစ်အောင် ကာကွယ်နိုင်ပါသည်။

🔴 ရောဂါလက္ခဏာများ

ကာလသားရောဂါပိုးကူးစက်ခံရသူအများစုသည် နှစ်ပေါင်းများစွာ မည်သည့်လက္ခဏာမျှ မပြတတ်ကြပါ။ သို့သော် သူတို့သည် ရောဂါကုသမှုမခံယူလျှင်နောက်ပိုင်း၌ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။ ကာလသားရောဂါ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ရှိနေသူ၏ အနာမှတစ်ဆင့် ရောဂါကူးစက်တတ်သော်လည်း ယင်းအနာရှိနေသည်ကို သတိမထားမိတတ်ကြပါ။ ထို့ကြောင့် အနာကိုဂရုစိုက်မှုမရှိသော ကာလသားရောဂါရှိသူကတစ်ဆင့် ကူးစက်သွားခြင်း ဖြစ်ပါသည်။

🔴 ပထမအဆင့်

ပထမအဆင့်တွင် ရှန်ကာဟုခေါ်သည့် အနာတစ်ခုတည်း တွေ့ရလေ့ရှိပါသည်။ သို့သော် အနာအများအပြားလည်းရှိနိုင်ပါသည်။ ကာလသားရောဂါ၊စတင်ကူးစက်ရာမှ ရောဂါလက္ခဏာစပေါ်သည်ထိ ၁၀ ရက်မှ ရက် ၉၀ အတွင်းကြာတတ်ပါသည်။ ရှန်ကာအနာဆိုသည်မှာ သေးငယ်၍ နာကျင်မှုမရှိသော အရာအပိုင်းကလေးဖြစ်ပါသည်။ ရှန်ကာသည် ကိုယ်တွင်း၌ သုံးပတ်မှခြောက်ပတ်ထိရှိမနေပြီး ကုသမှုခံယူစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားတတ်ပါသည်။ ယင်းအချိန်၌ ထိထိရောက်ရောက်ကုသမှုမခံယူမိလျှင် ဒုတိယအဆင့်သို့ တိုးသွားနိုင်ပါသည်။

🔴 ဒုတိယအဆင့်

ရှန်ကာအနာပျောက်ကင်းပြီး တစ်လမှ ၁၂ လအတွင်း ဒုတိယအဆင့်သို့မရောက်သွားတတ်ပါသည်။ လက်ဖဝါးနှစ်ဖက်စလုံးနှင့် ခြေဖဝါးတို့တွင် အနီရောင်သို့မဟုတ် နီညိုရောင်ကြမ်းတမ်းသော အစက်အပြောက်များကို မြင်တွေ့ရတတ်ပါသည်။ ခန္ဓာကိုယ်၏အခြားနေရာများမှာလည်း တစ်ခါတစ်ရံ တွေ့ ရှိတတ်ခြင်းကြောင့်အခြားရောဂါများနှင့် မှားတတ်ပါသည်။ အဖုအပိမ့်များအပြင် အဖျားရှိခြင်း၊အကျိတ်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ဆံပင်များကွက်ကျား ကွက်ကျားကျွတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် မောပန်းခြင်းတို့သည် ကာလသားရောဂါ ဒုတိယအဆင့်၏ ရောဂါလက္ခဏာများ ဖြစ်ပါသည်။ ယင်းလက္ခဏာများသည် ကုသမှုခံယူခြင်း ရှိရှိ၊ မရှိရှိမပျောက်ကင်းသွားနိုင်သော်လည်း ကုသမှုမခံယူပါက တတိယအဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။

🔴 တတိယအဆင့် သို့မဟုတ် နောက်ဆုံးအဆင့်

ပထမအဆင့်နှင့် ဒုတိယအဆင့်လက္ခဏာများ ပျောက်ဆုံးပြီးနောက်တွင်ဗာဟိယအဆင့် စတင်ပေါ်ပေါက်လာပါသည်။ ကုသမှုမခံယူလျှင် ရောဂါးစက်မြင်းခံရနေသူသည် မည်သည့်ရောဂါလက္ခဏာမျှ မပြလျှင်လည်း ရောဂါသည်မန္ဓာကိုယ်တွင်း၌ ဆက်လက်ရှိနေတတ်ပြီး ရောဂါစတင်ရရှိပြီးချိန်မှစ၍ ၁၀ နှစ်မှနှစ် ၂၀ အကြာတွင် နောက်ဆုံးအဆင့်သို့ ရောက်သွားတတ်ပါသည်။ နောက်ဆုံးအဆင့်တွင် ရောဂါပိုးကြောင့် ဦးနှောက်၊ အာရုံကြော၊ မျက်စိ၊ နှလုံး၊ သွေးကြော၊အသည်း၊ အရိုးနှင့် အဆစ်အပါအဝင် ကိုယ်တွင်းအင်္ဂ࿿ါများ ပျက်စီးသွားတတ်ပါသည်။ ရောဂါလက္ခဏာများအနေဖြင့် ကြွက်သားလှုပ်ရှားမှုခက်ခဲခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ ထုံခြင်း၊ မျက်စိကွယ်ခြင်း၊ သွေးကြောဖောင်းကားခြင်းနှင့် စိတ်ပါယွင်းပြီး ရူးသွပ်ခြင်းများ ဖြစ်တတ်ပါသည်။ ယင်းကဲ့သို့ ပျက်စီးခြင်းသည် အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်ပါသည်။

🔴 ရောဂါကြာချိန်

ကုသမှုမခံယူလျှင် တစ်သက်လုံးဖြစ်တတ်ပါသည်။

🔴 ဖြစ်ပွားရခြင်း အကြောင်းရင်း

ပုလင်းဘူးဆို့ဖောက်တံ ပုံသဏ္ဌာန် Spirochaeta Pallida ခေါ် ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါသည်။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်၍ အနာသည် နှုတ်ခမ်းနှင့် ပါးစပ်တွင်လည်းရှိတတ်သဖြင့် အချင်းချင်၊နမ်းရာမှလည်း ကူးစက်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်မှလည်း မိမိသန္ဓေသားကူးစက်နိုင်ပါသည်။ ကာလသားရောဂါသည် တံခါးလက်ကိုင်ဖု၊ အိမ်သာအိုရေကူးကန် ရေချိုးကနိ၊ အဝတ်အစား သို့မဟုတ် အစားအသောက်ထည့် ပစ္စည်းများမှတစ်ဆင့် မကူးစက်တတ်ပါ။

🔴 နောက်ဆက်တွဲပြဿနာ

ကာလသားရောဂါကြောင့် ရှန်ကာအနာရှိသူများသည် HIV ပိုး ကူးစက်ခံရရန် လွယ်ကူပါသည်။ HIV ကူးစက်ခံရနိုင်ခြေ နှစ်ဆမှ ငါးဆအထိ မြင့်တက်နိုင်ပါသည်။ နောက်ဆုံးအဆင့်ရောက်လျှင် အထက်ဖော်ပြပါအတိုင်း ကိုယ်တွင်းအင်များ ပျက်စီးတတ်ပါသည်။

🔴 အိမ်၌ ပြုစုကုသနည်း

- ကုသ၍ မရပါ။

🔴 ဆရာဝန်နှင့် ပြသသင့်သည့် အချိန်

- လိင်မှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်သည်ဟု ထင်ခဲ့လျှင်

- အမျိုးသားလိင်အင်္ဂါ၊ မိန်းမကိုယ် နှုတ်ခမ်း၊ စအို သို့မဟုတ် ရင်သားပေါ်၌အနာ သို့မဟုတ် အဖုအပိမ့်ရှိနေခဲ့လျှင်

- ဂနို၊ ဆီးပူညောင်းကျနာ၊ ဆီးလမ်းကြောင်းရောင်ရမ်းနာကဲ့သို့ လိင်မှတစ်ဆင့် ကူးစက်နိုင်သော အခြားရောဂါရှိနေလျှင်

- မိမိတွင် ရောဂါကူးစက်နိုင်သည်ဟု သံသယရှိနေပြီး မိမိကိုယ်ပေါ်၌ အစက်အပြောက်များ ပေါ်ပေါက်လာလျှင်

🔴 ဆရာဝန်ကုသပေးနိုင်မည့် နည်းလမ်းများ

- သွေးဖောက်ပြီးစစ်ဆေးပါလိမ့်မည်။ များသောအားဖြင့် ရောဂါကူးစက်ပြီးလေးပတ်မှ ရှစ်ပတ်အကြာမှာ Positive တွေ့နိုင်ပါသည်။

- ရောဂါရှိမှန်းသေချာလျှင် ကာလသားရောဂါ အထူးကုဆရာဝန်နှင့် ပြသရန်ညွှန်ပြပေးပါလိမ့်မည်။

🔴 ကာကွယ်နည်းများ

- ကာမဂုဏ်မလိုက်စားပါနှင့်။

- ကွန်ဒုံးအသုံးပြုခြင်းသည် ရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။

- သွေးစစ်ရာတွင် ရောဂါပိုးမရှိကြောင်းသေချာသည်အထိ ထိထိရောက်ရောက်ကုသမှုခံယူပါမှ နောက်ဆက်တွဲဆိုးကျိုးမရရှိနိုင်ပါ။

- မိမိနှင့် လိင်ဆက်ဆံဖက်ကိုပါ သွေးစစ်ပြီး ကုသမှုခံယူပါ။ သို့မှသာ အချင်းချင်း အပြန်အလှန်ပြန်ကူးစက်မှုရှိမည် မဟုတ်တော့ပါ။

🔴 ရောဂါအခြေအနေ

ရောဂါကို စောစောစီးစီးသိရှိပြီး ထိထိရောက်ရောက်ကုသမှုခံယူလျှင် ရမရာဂါပျောက်ကင်းနိုင်ပါသည်။ ရောဂါနောက်ဆုံးအဆင့်ရောက်မှ ကုသမှုခံယူတွင် ထိရောက်မှု မရှိနိုင်တော့ပါ။

# ဒေါက်တာခင်မိုးမိုး | သတိပြုစရာ ကျန်းမာရေးပြသနာ အဖြာဖြာ
©©©©®®®®®®©©©©©©
Unicode ဖြင့်ဖတ်ရန်
🔴 ကာလသားရောဂါ (Syphilis) အကြောင်းသိကောင်းစရာ

လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်၍ ရေရှည်၌ ခများကိုယ်တွင်းအင်္ဂါအများစုကို ဆိုးဆိုးရွားရွားထိခိုက်နိုင်ပါသည်။ ရောဂါဖြစ်ခါစတွင်ပင်ဆီလင်ဆေးနှင့် စောစောစီးစီးကုသလျှင် ရောဂါ၏ဆိုးကျိုးများမဖြစ်အောင် ကာကွယ်နိုင်ပါသည်။

🔴 ရောဂါလက္ခဏာများ

ကာလသားရောဂါပိုးကူးစက်ခံရသူအများစုသည် နှစ်ပေါင်းများစွာ မည်သည့်လက္ခဏာမျှ မပြတတ်ကြပါ။ သို့သော် သူတို့သည် ရောဂါကုသမှုမခံယူလျှင်နောက်ပိုင်း၌ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။ ကာလသားရောဂါ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ရှိနေသူ၏ အနာမှတစ်ဆင့် ရောဂါကူးစက်တတ်သော်လည်း ယင်းအနာရှိနေသည်ကို သတိမထားမိတတ်ကြပါ။ ထို့ကြောင့် အနာကိုဂရုစိုက်မှုမရှိသော ကာလသားရောဂါရှိသူကတစ်ဆင့် ကူးစက်သွားခြင်း ဖြစ်ပါသည်။

🔴 ပထမအဆင့်

ပထမအဆင့်တွင် ရှန်ကာဟုခေါ်သည့် အနာတစ်ခုတည်း တွေ့ရလေ့ရှိပါသည်။ သို့သော် အနာအများအပြားလည်းရှိနိုင်ပါသည်။ ကာလသားရောဂါ၊စတင်ကူးစက်ရာမှ ရောဂါလက္ခဏာစပေါ်သည်ထိ ၁၀ ရက်မှ ရက် ၉၀ အတွင်းကြာတတ်ပါသည်။ ရှန်ကာအနာဆိုသည်မှာ သေးငယ်၍ နာကျင်မှုမရှိသော အရာအပိုင်းကလေးဖြစ်ပါသည်။ ရှန်ကာသည် ကိုယ်တွင်း၌ သုံးပတ်မှခြောက်ပတ်ထိရှိမနေပြီး ကုသမှုခံယူစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားတတ်ပါသည်။ ယင်းအချိန်၌ ထိထိရောက်ရောက်ကုသမှုမခံယူမိလျှင် ဒုတိယအဆင့်သို့ တိုးသွားနိုင်ပါသည်။

🔴 ဒုတိယအဆင့်

ရှန်ကာအနာပျောက်ကင်းပြီး တစ်လမှ ၁၂ လအတွင်း ဒုတိယအဆင့်သို့မရောက်သွားတတ်ပါသည်။ လက်ဖဝါးနှစ်ဖက်စလုံးနှင့် ခြေဖဝါးတို့တွင် အနီရောင်သို့မဟုတ် နီညိုရောင်ကြမ်းတမ်းသော အစက်အပြောက်များကို မြင်တွေ့ရတတ်ပါသည်။ ခန္ဓာကိုယ်၏အခြားနေရာများမှာလည်း တစ်ခါတစ်ရံ တွေ့ ရှိတတ်ခြင်းကြောင့်အခြားရောဂါများနှင့် မှားတတ်ပါသည်။ အဖုအပိမ့်များအပြင် အဖျားရှိခြင်း၊အကျိတ်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ဆံပင်များကွက်ကျား ကွက်ကျားကျွတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် မောပန်းခြင်းတို့သည် ကာလသားရောဂါ ဒုတိယအဆင့်၏ ရောဂါလက္ခဏာများ ဖြစ်ပါသည်။ ယင်းလက္ခဏာများသည် ကုသမှုခံယူခြင်း ရှိရှိ၊ မရှိရှိမပျောက်ကင်းသွားနိုင်သော်လည်း ကုသမှုမခံယူပါက တတိယအဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။

🔴 တတိယအဆင့် သို့မဟုတ် နောက်ဆုံးအဆင့်

ပထမအဆင့်နှင့် ဒုတိယအဆင့်လက္ခဏာများ ပျောက်ဆုံးပြီးနောက်တွင်ဗာဟိယအဆင့် စတင်ပေါ်ပေါက်လာပါသည်။ ကုသမှုမခံယူလျှင် ရောဂါးစက်မြင်းခံရနေသူသည် မည်သည့်ရောဂါလက္ခဏာမျှ မပြလျှင်လည်း ရောဂါသည်မန္ဓာကိုယ်တွင်း၌ ဆက်လက်ရှိနေတတ်ပြီး ရောဂါစတင်ရရှိပြီးချိန်မှစ၍ ၁၀ နှစ်မှနှစ် ၂၀ အကြာတွင် နောက်ဆုံးအဆင့်သို့ ရောက်သွားတတ်ပါသည်။ နောက်ဆုံးအဆင့်တွင် ရောဂါပိုးကြောင့် ဦးနှောက်၊ အာရုံကြော၊ မျက်စိ၊ နှလုံး၊ သွေးကြော၊အသည်း၊ အရိုးနှင့် အဆစ်အပါအဝင် ကိုယ်တွင်းအင်္ဂ࿿ါများ ပျက်စီးသွားတတ်ပါသည်။ ရောဂါလက္ခဏာများအနေဖြင့် ကြွက်သားလှုပ်ရှားမှုခက်ခဲခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ ထုံခြင်း၊ မျက်စိကွယ်ခြင်း၊ သွေးကြောဖောင်းကားခြင်းနှင့် စိတ်ပါယွင်းပြီး ရူးသွပ်ခြင်းများ ဖြစ်တတ်ပါသည်။ ယင်းကဲ့သို့ ပျက်စီးခြင်းသည် အသက်ဆုံးရံှုးသည်အထိ ပြင်းထန်နိုင်ပါသည်။

🔴 ရောဂါကြာချိန်

ကုသမှုမခံယူလျှင် တစ်သက်လုံးဖြစ်တတ်ပါသည်။

🔴 ဖြစ်ပွားရခြင်း အကြောင်းရင်း

ပုလင်းဘူးဆို့ဖောက်တံ ပုံသဏ္ဌာန် Spirochaeta Pallida ခေါ် ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါသည်။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်၍ အနာသည် နှုတ်ခမ်းနှင့် ပါးစပ်တွင်လည်းရှိတတ်သဖြင့် အချင်းချင်၊နမ်းရာမှလည်း ကူးစက်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်မှလည်း မိမိသနေ္ဓသားကူးစက်နိုင်ပါသည်။ ကာလသားရောဂါသည် တံခါးလက်ကိုင်ဖု၊ အိမ်သာအိုရေကူးကန် ရေချိုးကနိ၊ အဝတ်အစား သို့မဟုတ် အစားအသောက်ထည့် ပစ္စည်းများမှတစ်ဆင့် မကူးစက်တတ်ပါ။

🔴 နောက်ဆက်တွဲပြဿနာ

ကာလသားရောဂါကြောင့် ရှန်ကာအနာရှိသူများသည် HIV ပိုး ကူးစက်ခံရရန် လွယ်ကူပါသည်။ HIV ကူးစက်ခံရနိုင်ခြေ နှစ်ဆမှ ငါးဆအထိ မြင့်တက်နိုင်ပါသည်။ နောက်ဆုံးအဆင့်ရောက်လျှင် အထက်ဖော်ပြပါအတိုင်း ကိုယ်တွင်းအင်များ ပျက်စီးတတ်ပါသည်။

🔴 အိမ်၌ ပြုစုကုသနည်း

- ကုသ၍ မရပါ။

🔴 ဆရာဝန်နှင့် ပြသသင့်သည့် အချိန်

- လိင်မှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်သည်ဟု ထင်ခဲ့လျှင်

- အမျိုးသားလိင်အင်္ဂါ၊ မိန်းမကိုယ် နှုတ်ခမ်း၊ စအို သို့မဟုတ် ရင်သားပေါ်၌အနာ သို့မဟုတ် အဖုအပိမ့်ရှိနေခဲ့လျှင်

- ဂနို၊ ဆီးပူညောင်းကျနာ၊ ဆီးလမ်းကြောင်းရောင်ရမ်းနာကဲ့သို့ လိင်မှတစ်ဆင့် ကူးစက်နိုင်သော အခြားရောဂါရှိနေလျှင်

- မိမိတွင် ရောဂါကူးစက်နိုင်သည်ဟု သံသယရှိနေပြီး မိမိကိုယ်ပေါ်၌ အစက်အပြောက်များ ပေါ်ပေါက်လာလျှင်

🔴 ဆရာဝန်ကုသပေးနိုင်မည့် နည်းလမ်းများ

- သွေးဖောက်ပြီးစစ်ဆေးပါလိမ့်မည်။ များသောအားဖြင့် ရောဂါကူးစက်ပြီးလေးပတ်မှ ရှစ်ပတ်အကြာမှာ Positive တွေ့နိုင်ပါသည်။

- ရောဂါရှိမှန်းသေချာလျှင် ကာလသားရောဂါ အထူးကုဆရာဝန်နှင့် ပြသရန်ညှွန်ပြပေးပါလိမ့်မည်။

🔴 ကာကွယ်နည်းများ

- ကာမဂုဏ်မလိုက်စားပါနှင့်။

- ကွန်ဒုံးအသုံးပြုခြင်းသည် ရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။

- သွေးစစ်ရာတွင် ရောဂါပိုးမရှိကြောင်းသေချာသည်အထိ ထိထိရောက်ရောက်ကုသမှုခံယူပါမှ နောက်ဆက်တွဲဆိုးကျိုးမရရှိနိုင်ပါ။

- မိမိနှင့် လိင်ဆက်ဆံဖက်ကိုပါ သွေးစစ်ပြီး ကုသမှုခံယူပါ။ သို့မှသာ အချင်းချင်း အပြန်အလှန်ပြန်ကူးစက်မှုရှိမည် မဟုတ်တော့ပါ။

🔴 ရောဂါအခြေအနေ

ရောဂါကို စောစောစီးစီးသိရှိပြီး ထိထိရောက်ရောက်ကုသမှုခံယူလျှင် ရမရာဂါပျောက်ကင်းနိုင်ပါသည်။ ရောဂါနောက်ဆုံးအဆင့်ရောက်မှ ကုသမှုခံယူတွင် ထိရောက်မှု မရှိနိုင်တော့ပါ။

# ဒေါက်တာခင်မိုးမိုး | သတိပြုစရာ ကျန်းမာရေးပြသနာ အဖြာဖြာ

HIV အမေးအဖြေ

Unicode မကြာခဏမေးလေ့ရှိသောမေးခွန်းများ Q: HIV နှင့် AIDS ဘာကွာသနည်း။ A: “HIV”နှင့်“AIDS”ဟူသော အခေါ်အဝေါ်များသည် ရောဂါတစ်ခုတည်းကို ရည...