Unicode
မကြာခဏမေးလေ့ရှိသောမေးခွန်းများ
Q: HIV နှင့် AIDS ဘာကွာသနည်း။
A: “HIV”နှင့်“AIDS”ဟူသော အခေါ်အဝေါ်များသည် ရောဂါတစ်ခုတည်းကို ရည်ညွှန်းသည့်အတွက် ထိုအခေါ်အဝေါ်များကို သင်ရှုပ်ထွေးကောင်းရှုပ်ထွေးသွားနိုင်ပါသည်။ သို့သော်HIV သည် ဗိုင်းရပ်စ်၏အမည်ဖြစ်ပြီး AIDSသည် ရောဂါ၏နောက်ဆုံးအဆင့်ကို ဖော်ပြပါသည်။ ထိုအဆင့်တွင် ရောဂါပိုးကူးစက်ခံရသူ၏ ကိုယ်ခံအားစနစ်သည် ပျက်စီးသွားပြီး ထိုသူ၏ခန္ဓာကိုယ်သည် အခြားရောဂါများကို တိုက်ထုတ်နိုင်ခြင်းမရှိတော့ပါ။
Q: HIV/AIDS ၏လက္ခဏာများမှာ အဘယ်နည်း။
A: HIV ပိုးကူးစက်ခံရပြီး ပထမ(၂)ပတ်မှ(၁)လအတွင်းတွင် အချို့လူများသည် တုပ်ကွေးကဲ့သို့သောလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်အခြားသော လိင်မှတစ်ဆင့်ကူးစက်သည့် ရောဂါများကဲ့သို့ HIV ကူးစက်ခံရသော လူတစ်ဦးတွင် ရောဂါလက္ခဏာများ တသက်မတ်တည်းမရှိပါ။ ဆေးရုံဆေးခန်းတွင် သွားရောက်စစ်ဆေးခြင်းသာလျှင် HIV/AIDS ရောဂါရှိ၊မရှိ အမှန်တကယ်သိနိုင်သည့် တစ်ခုတည်း သောနည်းလမ်းဖြစ်ပါသည်။
Q: HIV ပိုးရှိသူချင်း လိင်ဆက်ဆံရင် Condom သုံးဖို့လိုသလား။
A: HIVပိုးရှိသူချင်းလိင်ဆက်ဆံပါက Condom သုံးဖို့လိုပါသည်။ HIV ပိုးရှိသူတစ်ဦးစီတွင် HIVပိုး အမျိုးစားများ မတူညီပါ။ မတူညီသော ရောဂါပိုးများသည် အန္တရာယ်ပိုများ ပြီးခုခံအားကို လျင်မြန်စွာကျဆင်းစေပါသည်။
Q: လိင်ဆက်ဆံပြီးတဲ့ ကွန်ဒုံးကို ပြောင်းပြန်သုံးရင် ဘာဖြစ်နိုင်သလဲ။
A: လိင်ဆက်ဆံပြီးတဲ့ကွန်ဒုံးကို ပြောင်းပြန်သုံးပါက ရောဂါပိုး ကူးစက်ရန် ပိုမိုလွယ်ကူပါသည်။ ကွန်ဒုံးသည် တစ်ခါသုံးအတွက်သာဖြစ်ပါသည်။
Q: Female Condom ကို အလွယ်တကူ ဝယ်လို့ရလား။ Female Condom ကရော Male Condom လို ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သလား။
A: Female Condom ကို Male Condom လောက် ဝယ်ယူရန် မလွယ်ကူသော်လည်း စနစ်တကျအသုံးပြုပါက ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါသည်။
Q: Condom Packing ကွာလျှင် အထဲက ပစ္စည်း ကွာလား။
A: အရောင်၊ အနံ့၊အရွယ်အစား ကွာခြားနိုင်သော်လည်း အခြေခံဖွဲ့စည်းပုံ တူညီပါသည်။
Q: Condom နဲ့ ပတ်သက်ပြီး ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ရာခိုင်နှုန်းအပြည့်အာမခံ နိုင်မလား။
A: ရာခိုင်နှုန်းပြည့်ကတော့ မပြောနိုင်ပါဘူး။ Condom သုံးရင် စနစ်တကျရှိဖို့ရယ်၊ ပေါက်ပြဲနေသော Condom မဖြစ်ဖို့နှင့် သက်တမ်းမကျော်လွန်သော Condom ဆိုရင်တော့ ရာခိုင်နှုန်းပြည့်နီးပါး ကာကွယ်နိုင်ပါတယ်။
Q: HIV ပိုးရှိသူကို နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့က ဘာတွေကူညီနိုင်သလဲ။
A: HIV ပိုးရှိသူကို နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့က ရောဂါရှိသော်လည်း စိတ်ဓါတ် မကျဘဲ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်ရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်၊ နှစ်သိမ့်ဆွေးနွေးမှု ခံယူသူ ကိုယ်တိုင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချမှတ်နိုင်စေရန် ကူညီနိုင်ပါသည်။
Q: သွေးပေနေသော သောက်ရေခွက်ကို နောက်တစ်ယောက်က သောက်မိရင် အိပ်ချ်အိုင်ဗီပိုး ကူးလား။
A: အိပ်ချ်အိုင်ဗီပိုးသည် လူ၏အပေါ်ယံအရေပြားနှင့် အစာလမ်းကြောင်းနံရံကို ဖောက်ထွင်း၍ ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သောက်သူ၏နှုတ်ခမ်းတွင် အနာရှိနေလျှင်မူ ထိုအနာမှတဆင့်ကူးစက်နိုင်ပါသည်။
Q: အိပ်ချ်အိုင်ဗီပိုးက ခွေးတို့၊ ကြောင်တို့ကိုက်လျှင် ကူးနိုင်လား။
A: အိပ်ချ်အိုင်ဗီပိုးသည် လူ့ခန္ဓာကိုယ်တွင်သာ အသက်ရှင်နေနိုင်ပါသည်။ အခြားတိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင် အသက်ရှင်မနေနိုင်ပါ။
Q: လိင်ဆက်ဆံချိန် ဆေးထည့်လျှင် ရောဂါမကူးဘူး ဆိုတာ ဟုတ်လား။
A: လိင်ဆက်ဆံချိန် ဆေးထည့်လျှင် ရောဂါမကူးဘူး ဆိုတာ မဟုတ်ပါဘူး။
Q: HIV ပိုးက ပြင်ပမှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။
A: အသက်ရှင်နိုင်ရန် လိုအပ်တဲ့ပတ်ဝန်းကျင်ရဲ့ အပူချိန်၊ လေထုစိုထိုင်းစ၊ အလင်းရောင်ထိတွေ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး အသက်ရှင်နိုင်ပါတယ်။ ဒီအချက်တွေနဲ့ မပြည့်စုံရင်တော့ မိနစ်အနည်းငယ် အတွင်း သေသွားနိုင်ပါတယ်။
Q: HIV ပိုးရှိသူ အမျိုးသမီးက ကလေးလိုချင်ရင် ယူသင့်သလား။
A: အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းတို့မှ ဆုံးဖြတ်ရန်ဖြစ်သည်။ မိခင်မှကလေးသို့ HIVပိုး ကူးစက်ခြင်းကို စနစ်တကျကာကွယ်လျှင် ကလေးသို့ ကူးစက်နှုန်း အလွန်နည်းပါးသည်။
Q: ရောဂါရှိသော မိခင်မှ မွေးသောကလေးသို့ ရောဂါမကူးအောင် ကာကွယ်နိုင်ပါ သလား။
A: ကာကွယ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်ကို HIV ကလေးထံ ကူးစက်မှုအနည်းဆုံးနည်းဖြင့် မွေးနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ ကလေးကို ပိုးပာန့်တားဆေး တိုက်ကျွေးခြင်း၊ မွေးဖွားပြီး နှို့မှုန့်(သို့မပာုတ်) မိခင်နို့တစ်မျိုးတည်းကို (၆)လ အထိ တိုက်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
Q: HIV ပိုးရှိသော ကိုယ်ဝန်ဆောင် မိခင်က ဘယ်လိုပြုမူနေထိုင်သင့်သလဲ။
A: ကိုယ်ဝန်ရှိမှန်းသိသိချင်း တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ကိုယ်ဝန်စောင့်ရှောက်မှု အစောဆုံး ခံယူရပါသည်။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နှင့် နို့တိုက်ကျွေးချိန်တို့တွင် ကလေးထံသို့ HIV ပိုး ကူးစက်နိုင်သည့် အန္တရာယ်ကို လျှော့ချနိုင်ရန် ပိုးပာန့်တားဆေးများ သောက်ရပါမည်။
Zawgyi
မကြာခဏမေးလေ့ရှိသော မေးခွန်းများ
Q: HIV နှင့် AIDS ဘာကွာသနည်း။
A: “HIV”နှင့်“AIDS”ဟူသော အခေါ်အဝေါ်များသည် ရောဂါတစ်ခုတည်းကို ရည်ညွှန်းသည့်အတွက် ထိုအခေါ်အဝေါ်များကို သင်ရှုပ်ထွေးကောင်းရှုပ်ထွေးသွားနိုင်ပါသည်။ သို့သော်HIV သည် ဗိုင်းရပ်စ်၏အမည်ဖြစ်ပြီး AIDSသည် ရောဂါ၏နောက်ဆုံးအဆင့်ကို ဖော်ပြပါသည်။ ထိုအဆင့်တွင် ရောဂါပိုးကူးစက်ခံရသူ၏ ကိုယ်ခံအားစနစ်သည် ပျက်စီးသွားပြီး ထိုသူ၏ခန္ဓာကိုယ်သည် အခြားရောဂါများကို တိုက်ထုတ်နိုင်ခြင်းမရှိတော့ပါ။
Q: HIV/AIDS ၏လက္ခဏာများမှာ အဘယ်နည်း။
A: HIV ပိုးကူးစက်ခံရပြီး ပထမ(၂)ပတ်မှ(၁)လအတွင်းတွင် အချို့လူများသည် တုပ်ကွေးကဲ့သို့သောလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်အခြားသော လိင်မှတစ်ဆင့်ကူးစက်သည့် ရောဂါများကဲ့သို့ HIV ကူးစက်ခံရသော လူတစ်ဦးတွင် ရောဂါလက္ခဏာများ တသက်မတ်တည်းမရှိပါ။ ဆေးရုံဆေးခန်းတွင် သွားရောက်စစ်ဆေးခြင်းသာလျှင် HIV/AIDS ရောဂါရှိ၊မရှိ အမှန်တကယ်သိနိုင်သည့် တစ်ခုတည်း သောနည်းလမ်းဖြစ်ပါသည်။
Q: HIV ပိုးရှိသူချင်း လိင်ဆက်ဆံရင် Condom သုံးဖို့လိုသလား။
A: HIVပိုးရှိသူချင်းလိင်ဆက်ဆံပါက Condom သုံးဖို့လိုပါသည်။ HIV ပိုးရှိသူတစ်ဦးစီတွင် HIVပိုး အမျိုးစားများ မတူညီပါ။ မတူညီသော ရောဂါပိုးများသည် အန္တရာယ်ပိုများ ပြီးခုခံအားကို လျင်မြန်စွာကျဆင်းစေပါသည်။
Q: လိင်ဆက်ဆံပြီးတဲ့ ကွန်ဒုံးကို ပြောင်းပြန်သုံးရင် ဘာဖြစ်နိုင်သလဲ။
A: လိင်ဆက်ဆံပြီးတဲ့ကွန်ဒုံးကို ပြောင်းပြန်သုံးပါက ရောဂါပိုး ကူးစက်ရန် ပိုမိုလွယ်ကူပါသည်။ ကွန်ဒုံးသည် တစ်ခါသုံးအတွက်သာဖြစ်ပါသည်။
Q: Female Condom ကို အလွယ်တကူ ဝယ်လို့ရလား။ Female Condom ကရော Male Condom လို ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သလား။
A: Female Condom ကို Male Condom လောက် ဝယ်ယူရန် မလွယ်ကူသော်လည်း စနစ်တကျအသုံးပြုပါက ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါသည်။
Q: Condom Packing ကွာလျှင် အထဲက ပစ္စည်း ကွာလား။
A: အရောင်၊ အနံ့၊အရွယ်အစား ကွာခြားနိုင်သော်လည်း အခြေခံဖွဲ့စည်းပုံ တူညီပါသည်။
Q: Condom နဲ့ ပတ်သက်ပြီး ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ရာခိုင်နှုန်းအပြည့်အာမခံ နိုင်မလား။
A: ရာခိုင်နှုန်းပြည့်ကတော့ မပြောနိုင်ပါဘူး။ Condom သုံးရင် စနစ်တကျရှိဖို့ရယ်၊ ပေါက်ပြဲနေသော Condom မဖြစ်ဖို့နှင့် သက်တမ်းမကျော်လွန်သော Condom ဆိုရင်တော့ ရာခိုင်နှုန်းပြည့်နီးပါး ကာကွယ်နိုင်ပါတယ်။
Q: HIV ပိုးရှိသူကို နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့က ဘာတွေကူညီနိုင်သလဲ။
A: HIV ပိုးရှိသူကို နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့က ရောဂါရှိသော်လည်း စိတ်ဓါတ် မကျဘဲ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်ရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်၊ နှစ်သိမ့်ဆွေးနွေးမှု ခံယူသူ ကိုယ်တိုင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချမှတ်နိုင်စေရန် ကူညီနိုင်ပါသည်။
Q: သွေးပေနေသော သောက်ရေခွက်ကို နောက်တစ်ယောက်က သောက်မိရင် အိပ်ခ်ျအိုင်ဗီပိုး ကူးလား။
A: အိပ်ခ်ျအိုင်ဗီပိုးသည် လူ၏အပေါ်ယံအရေပြားနှင့် အစာလမ်းကြောင်းနံရံကို ဖောက်ထွင်း၍ ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သောက်သူ၏နှုတ်ခမ်းတွင် အနာရှိနေလျှင်မူ ထိုအနာမှတဆင့်ကူးစက်နိုင်ပါသည်။
Q: အိပ်ခ်ျအိုင်ဗီပိုးက ခွေးတို့၊ ကြောင်တို့ကိုက်လျှင် ကူးနိုင်လား။
A: အိပ်ခ်ျအိုင်ဗီပိုးသည် လူ့ခန္ဓာကိုယ်တွင်သာ အသက်ရှင်နေနိုင်ပါသည်။ အခြားတိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင် အသက်ရှင်မနေနိုင်ပါ။
Q: လိင်ဆက်ဆံချိန် ဆေးထည့်လျှင် ရောဂါမကူးဘူး ဆိုတာ ဟုတ်လား။
A: လိင်ဆက်ဆံချိန် ဆေးထည့်လျှင် ရောဂါမကူးဘူး ဆိုတာ မဟုတ်ပါဘူး။
Q: HIV ပိုးက ပြင်ပမှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။
A: အသက်ရှင်နိုင်ရန် လိုအပ်တဲ့ပတ်ဝန်းကျင်ရဲ့ အပူချိန်၊ လေထုစိုထိုင်းစ၊ အလင်းရောင်ထိတွေ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး အသက်ရှင်နိုင်ပါတယ်။ ဒီအချက်တွေနဲ့ မပြည့်စုံရင်တော့ မိနစ်အနည်းငယ် အတွင်း သေသွားနိုင်ပါတယ်။
Q: HIV ပိုးရှိသူ အမျိုးသမီးက ကလေးလိုချင်ရင် ယူသင့်သလား။
A: အမျိုးသမီးနှင့် ၄င်း၏ခင်ပွန်းတို့မှ ဆုံးဖြတ်ရန်ဖြစ်သည်။ မိခင်မှကလေးသို့ HIVပိုး ကူးစက်ခြင်းကို စနစ်တကျကာကွယ်လျှင် ကလေးသို့ ကူးစက်နှုန်း အလွန်နည်းပါးသည်။
Q: ရောဂါရှိသော မိခင်မှ မွေးသောကလေးသို့ ရောဂါမကူးအောင် ကာကွယ်နိုင်ပါ သလား။
A: ကာကွယ်နိုင်ပါသည်။ ကိုယ်၀န်ဆောင်မိခင်ကို HIV ကလေးထံ ကူးစက်မှုအနည်းဆုံးနည်းဖြင့် မွေးနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ ကလေးကို ပိုးပာန့်တားဆေး တိုက်ကျွေးခြင်း၊ မွေးဖွားပြီး နှို့မှုန့်(သို့မပာုတ်) မိခင်နို့တစ်မျိုးတည်းကို (၆)လ အထိ တိုက်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
Q: HIV ပိုးရှိသော ကိုယ်ဝန်ဆောင် မိခင်က ဘယ်လိုပြုမူနေထိုင်သင့်သလဲ။
A: ကိုယ်ဝန်ရှိမှန်းသိသိချင်း တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ကိုယ်ဝန်စောင့်ရှောက်မှု အစောဆုံး ခံယူရပါသည်။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နှင့် နို့တိုက်ကျွေးချိန်တို့တွင် ကလေးထံသို့ HIV ပိုး ကူးစက်နိုင်သည့် အန္တရာယ်ကို လျှော့ချနိုင်ရန် ပိုးပာန့်တားဆေးများ သောက်ရပါမည်။
Credit#
Translate
Friday, October 25, 2019
Subscribe to:
Post Comments (Atom)
HIV အမေးအဖြေ
Unicode မကြာခဏမေးလေ့ရှိသောမေးခွန်းများ Q: HIV နှင့် AIDS ဘာကွာသနည်း။ A: “HIV”နှင့်“AIDS”ဟူသော အခေါ်အဝေါ်များသည် ရောဂါတစ်ခုတည်းကို ရည...

-
ကာလာသားရောဂါ (Syphilis) အကြောင်းသိကောင်းစရာ လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်၍ ရေရှည်၌ ခများကိုယ်တွင်းအင်္ဂါအများစုကို ...
-
Unicode .......... ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခဲ့ပြီလား စိတ်သောက ရောက်မနေပါနဲ့ သွေးစစ်ကြည့်တာ အကောင်းဆုံး အဖြေတစ်ခုပါ။ ____________...
-
Unicode ... စိတ်ရှည်ရှည်နဲ့ ဖတ်ပါ HIV ပိုးကို ၁၉၈၁ ခုနှစ်က စတွေ့ခဲ့ပြီး၊ HIV/AIDS ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ...
No comments:
Post a Comment