ကာလာသားရောဂါ (Syphilis) အကြောင်းသိကောင်းစရာ
လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်၍ ရေရှည်၌ ခများကိုယ်တွင်းအင်္ဂါအများစုကို ဆိုးဆိုးရွားရွားထိခိုက်နိုင်ပါသည်။ ရောဂါဖြစ်ခါစတွင်ပင်ဆီလင်ဆေးနှင့် စောစောစီးစီးကုသလျှင် ရောဂါ၏ဆိုးကျိုးများမဖြစ်အောင် ကာကွယ်နိုင်ပါသည်။
🔴 ရောဂါလက္ခဏာများ
ကာလသားရောဂါပိုးကူးစက်ခံရသူအများစုသည် နှစ်ပေါင်းများစွာ မည်သည့်လက္ခဏာမျှ မပြတတ်ကြပါ။ သို့သော် သူတို့သည် ရောဂါကုသမှုမခံယူလျှင်နောက်ပိုင်း၌ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။ ကာလသားရောဂါ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ရှိနေသူ၏ အနာမှတစ်ဆင့် ရောဂါကူးစက်တတ်သော်လည်း ယင်းအနာရှိနေသည်ကို သတိမထားမိတတ်ကြပါ။ ထို့ကြောင့် အနာကိုဂရုစိုက်မှုမရှိသော ကာလသားရောဂါရှိသူကတစ်ဆင့် ကူးစက်သွားခြင်း ဖြစ်ပါသည်။
🔴 ပထမအဆင့်
ပထမအဆင့်တွင် ရှန်ကာဟုခေါ်သည့် အနာတစ်ခုတည်း တွေ့ရလေ့ရှိပါသည်။ သို့သော် အနာအများအပြားလည်းရှိနိုင်ပါသည်။ ကာလသားရောဂါ၊စတင်ကူးစက်ရာမှ ရောဂါလက္ခဏာစပေါ်သည်ထိ ၁၀ ရက်မှ ရက် ၉၀ အတွင်းကြာတတ်ပါသည်။ ရှန်ကာအနာဆိုသည်မှာ သေးငယ်၍ နာကျင်မှုမရှိသော အရာအပိုင်းကလေးဖြစ်ပါသည်။ ရှန်ကာသည် ကိုယ်တွင်း၌ သုံးပတ်မှခြောက်ပတ်ထိရှိမနေပြီး ကုသမှုခံယူစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားတတ်ပါသည်။ ယင်းအချိန်၌ ထိထိရောက်ရောက်ကုသမှုမခံယူမိလျှင် ဒုတိယအဆင့်သို့ တိုးသွားနိုင်ပါသည်။
🔴 ဒုတိယအဆင့်
ရှန်ကာအနာပျောက်ကင်းပြီး တစ်လမှ ၁၂ လအတွင်း ဒုတိယအဆင့်သို့မရောက်သွားတတ်ပါသည်။ လက်ဖဝါးနှစ်ဖက်စလုံးနှင့် ခြေဖဝါးတို့တွင် အနီရောင်သို့မဟုတ် နီညိုရောင်ကြမ်းတမ်းသော အစက်အပြောက်များကို မြင်တွေ့ရတတ်ပါသည်။ ခန္ဓာကိုယ်၏အခြားနေရာများမှာလည်း တစ်ခါတစ်ရံ တွေ့ ရှိတတ်ခြင်းကြောင့်အခြားရောဂါများနှင့် မှားတတ်ပါသည်။ အဖုအပိမ့်များအပြင် အဖျားရှိခြင်း၊အကျိတ်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ဆံပင်များကွက်ကျား ကွက်ကျားကျွတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် မောပန်းခြင်းတို့သည် ကာလသားရောဂါ ဒုတိယအဆင့်၏ ရောဂါလက္ခဏာများ ဖြစ်ပါသည်။ ယင်းလက္ခဏာများသည် ကုသမှုခံယူခြင်း ရှိရှိ၊ မရှိရှိမပျောက်ကင်းသွားနိုင်သော်လည်း ကုသမှုမခံယူပါက တတိယအဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။
🔴 တတိယအဆင့် သို့မဟုတ် နောက်ဆုံးအဆင့်
ပထမအဆင့်နှင့် ဒုတိယအဆင့်လက္ခဏာများ ပျောက်ဆုံးပြီးနောက်တွင်ဗာဟိယအဆင့် စတင်ပေါ်ပေါက်လာပါသည်။ ကုသမှုမခံယူလျှင် ရောဂါးစက်မြင်းခံရနေသူသည် မည်သည့်ရောဂါလက္ခဏာမျှ မပြလျှင်လည်း ရောဂါသည်မန္ဓာကိုယ်တွင်း၌ ဆက်လက်ရှိနေတတ်ပြီး ရောဂါစတင်ရရှိပြီးချိန်မှစ၍ ၁၀ နှစ်မှနှစ် ၂၀ အကြာတွင် နောက်ဆုံးအဆင့်သို့ ရောက်သွားတတ်ပါသည်။ နောက်ဆုံးအဆင့်တွင် ရောဂါပိုးကြောင့် ဦးနှောက်၊ အာရုံကြော၊ မျက်စိ၊ နှလုံး၊ သွေးကြော၊အသည်း၊ အရိုးနှင့် အဆစ်အပါအဝင် ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားတတ်ပါသည်။ ရောဂါလက္ခဏာများအနေဖြင့် ကြွက်သားလှုပ်ရှားမှုခက်ခဲခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ ထုံခြင်း၊ မျက်စိကွယ်ခြင်း၊ သွေးကြောဖောင်းကားခြင်းနှင့် စိတ်ပါယွင်းပြီး ရူးသွပ်ခြင်းများ ဖြစ်တတ်ပါသည်။ ယင်းကဲ့သို့ ပျက်စီးခြင်းသည် အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်ပါသည်။
🔴 ရောဂါကြာချိန်
ကုသမှုမခံယူလျှင် တစ်သက်လုံးဖြစ်တတ်ပါသည်။
🔴 ဖြစ်ပွားရခြင်း အကြောင်းရင်း
ပုလင်းဘူးဆို့ဖောက်တံ ပုံသဏ္ဌာန် Spirochaeta Pallida ခေါ် ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါသည်။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်၍ အနာသည် နှုတ်ခမ်းနှင့် ပါးစပ်တွင်လည်းရှိတတ်သဖြင့် အချင်းချင်၊နမ်းရာမှလည်း ကူးစက်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်မှလည်း မိမိသန္ဓေသားကူးစက်နိုင်ပါသည်။ ကာလသားရောဂါသည် တံခါးလက်ကိုင်ဖု၊ အိမ်သာအိုရေကူးကန် ရေချိုးကနိ၊ အဝတ်အစား သို့မဟုတ် အစားအသောက်ထည့် ပစ္စည်းများမှတစ်ဆင့် မကူးစက်တတ်ပါ။
🔴 နောက်ဆက်တွဲပြဿနာ
ကာလသားရောဂါကြောင့် ရှန်ကာအနာရှိသူများသည် HIV ပိုး ကူးစက်ခံရရန် လွယ်ကူပါသည်။ HIV ကူးစက်ခံရနိုင်ခြေ နှစ်ဆမှ ငါးဆအထိ မြင့်တက်နိုင်ပါသည်။ နောက်ဆုံးအဆင့်ရောက်လျှင် အထက်ဖော်ပြပါအတိုင်း ကိုယ်တွင်းအင်များ ပျက်စီးတတ်ပါသည်။
🔴 အိမ်၌ ပြုစုကုသနည်း
- ကုသ၍ မရပါ။
🔴 ဆရာဝန်နှင့် ပြသသင့်သည့် အချိန်
- လိင်မှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်သည်ဟု ထင်ခဲ့လျှင်
- အမျိုးသားလိင်အင်္ဂါ၊ မိန်းမကိုယ် နှုတ်ခမ်း၊ စအို သို့မဟုတ် ရင်သားပေါ်၌အနာ သို့မဟုတ် အဖုအပိမ့်ရှိနေခဲ့လျှင်
- ဂနို၊ ဆီးပူညောင်းကျနာ၊ ဆီးလမ်းကြောင်းရောင်ရမ်းနာကဲ့သို့ လိင်မှတစ်ဆင့် ကူးစက်နိုင်သော အခြားရောဂါရှိနေလျှင်
- မိမိတွင် ရောဂါကူးစက်နိုင်သည်ဟု သံသယရှိနေပြီး မိမိကိုယ်ပေါ်၌ အစက်အပြောက်များ ပေါ်ပေါက်လာလျှင်
🔴 ဆရာဝန်ကုသပေးနိုင်မည့် နည်းလမ်းများ
- သွေးဖောက်ပြီးစစ်ဆေးပါလိမ့်မည်။ များသောအားဖြင့် ရောဂါကူးစက်ပြီးလေးပတ်မှ ရှစ်ပတ်အကြာမှာ Positive တွေ့နိုင်ပါသည်။
- ရောဂါရှိမှန်းသေချာလျှင် ကာလသားရောဂါ အထူးကုဆရာဝန်နှင့် ပြသရန်ညွှန်ပြပေးပါလိမ့်မည်။
🔴 ကာကွယ်နည်းများ
- ကာမဂုဏ်မလိုက်စားပါနှင့်။
- ကွန်ဒုံးအသုံးပြုခြင်းသည် ရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။
- သွေးစစ်ရာတွင် ရောဂါပိုးမရှိကြောင်းသေချာသည်အထိ ထိထိရောက်ရောက်ကုသမှုခံယူပါမှ နောက်ဆက်တွဲဆိုးကျိုးမရရှိနိုင်ပါ။
- မိမိနှင့် လိင်ဆက်ဆံဖက်ကိုပါ သွေးစစ်ပြီး ကုသမှုခံယူပါ။ သို့မှသာ အချင်းချင်း အပြန်အလှန်ပြန်ကူးစက်မှုရှိမည် မဟုတ်တော့ပါ။
🔴 ရောဂါအခြေအနေ
ရောဂါကို စောစောစီးစီးသိရှိပြီး ထိထိရောက်ရောက်ကုသမှုခံယူလျှင် ရမရာဂါပျောက်ကင်းနိုင်ပါသည်။ ရောဂါနောက်ဆုံးအဆင့်ရောက်မှ ကုသမှုခံယူတွင် ထိရောက်မှု မရှိနိုင်တော့ပါ။
# ဒေါက်တာခင်မိုးမိုး | သတိပြုစရာ ကျန်းမာရေးပြသနာ အဖြာဖြာ
©©©©®®®®®®©©©©©©
Unicode ဖြင့်ဖတ်ရန်
🔴 ကာလသားရောဂါ (Syphilis) အကြောင်းသိကောင်းစရာ
လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်၍ ရေရှည်၌ ခများကိုယ်တွင်းအင်္ဂါအများစုကို ဆိုးဆိုးရွားရွားထိခိုက်နိုင်ပါသည်။ ရောဂါဖြစ်ခါစတွင်ပင်ဆီလင်ဆေးနှင့် စောစောစီးစီးကုသလျှင် ရောဂါ၏ဆိုးကျိုးများမဖြစ်အောင် ကာကွယ်နိုင်ပါသည်။
🔴 ရောဂါလက္ခဏာများ
ကာလသားရောဂါပိုးကူးစက်ခံရသူအများစုသည် နှစ်ပေါင်းများစွာ မည်သည့်လက္ခဏာမျှ မပြတတ်ကြပါ။ သို့သော် သူတို့သည် ရောဂါကုသမှုမခံယူလျှင်နောက်ပိုင်း၌ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။ ကာလသားရောဂါ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ရှိနေသူ၏ အနာမှတစ်ဆင့် ရောဂါကူးစက်တတ်သော်လည်း ယင်းအနာရှိနေသည်ကို သတိမထားမိတတ်ကြပါ။ ထို့ကြောင့် အနာကိုဂရုစိုက်မှုမရှိသော ကာလသားရောဂါရှိသူကတစ်ဆင့် ကူးစက်သွားခြင်း ဖြစ်ပါသည်။
🔴 ပထမအဆင့်
ပထမအဆင့်တွင် ရှန်ကာဟုခေါ်သည့် အနာတစ်ခုတည်း တွေ့ရလေ့ရှိပါသည်။ သို့သော် အနာအများအပြားလည်းရှိနိုင်ပါသည်။ ကာလသားရောဂါ၊စတင်ကူးစက်ရာမှ ရောဂါလက္ခဏာစပေါ်သည်ထိ ၁၀ ရက်မှ ရက် ၉၀ အတွင်းကြာတတ်ပါသည်။ ရှန်ကာအနာဆိုသည်မှာ သေးငယ်၍ နာကျင်မှုမရှိသော အရာအပိုင်းကလေးဖြစ်ပါသည်။ ရှန်ကာသည် ကိုယ်တွင်း၌ သုံးပတ်မှခြောက်ပတ်ထိရှိမနေပြီး ကုသမှုခံယူစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားတတ်ပါသည်။ ယင်းအချိန်၌ ထိထိရောက်ရောက်ကုသမှုမခံယူမိလျှင် ဒုတိယအဆင့်သို့ တိုးသွားနိုင်ပါသည်။
🔴 ဒုတိယအဆင့်
ရှန်ကာအနာပျောက်ကင်းပြီး တစ်လမှ ၁၂ လအတွင်း ဒုတိယအဆင့်သို့မရောက်သွားတတ်ပါသည်။ လက်ဖဝါးနှစ်ဖက်စလုံးနှင့် ခြေဖဝါးတို့တွင် အနီရောင်သို့မဟုတ် နီညိုရောင်ကြမ်းတမ်းသော အစက်အပြောက်များကို မြင်တွေ့ရတတ်ပါသည်။ ခန္ဓာကိုယ်၏အခြားနေရာများမှာလည်း တစ်ခါတစ်ရံ တွေ့ ရှိတတ်ခြင်းကြောင့်အခြားရောဂါများနှင့် မှားတတ်ပါသည်။ အဖုအပိမ့်များအပြင် အဖျားရှိခြင်း၊အကျိတ်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ဆံပင်များကွက်ကျား ကွက်ကျားကျွတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် မောပန်းခြင်းတို့သည် ကာလသားရောဂါ ဒုတိယအဆင့်၏ ရောဂါလက္ခဏာများ ဖြစ်ပါသည်။ ယင်းလက္ခဏာများသည် ကုသမှုခံယူခြင်း ရှိရှိ၊ မရှိရှိမပျောက်ကင်းသွားနိုင်သော်လည်း ကုသမှုမခံယူပါက တတိယအဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။
🔴 တတိယအဆင့် သို့မဟုတ် နောက်ဆုံးအဆင့်
ပထမအဆင့်နှင့် ဒုတိယအဆင့်လက္ခဏာများ ပျောက်ဆုံးပြီးနောက်တွင်ဗာဟိယအဆင့် စတင်ပေါ်ပေါက်လာပါသည်။ ကုသမှုမခံယူလျှင် ရောဂါးစက်မြင်းခံရနေသူသည် မည်သည့်ရောဂါလက္ခဏာမျှ မပြလျှင်လည်း ရောဂါသည်မန္ဓာကိုယ်တွင်း၌ ဆက်လက်ရှိနေတတ်ပြီး ရောဂါစတင်ရရှိပြီးချိန်မှစ၍ ၁၀ နှစ်မှနှစ် ၂၀ အကြာတွင် နောက်ဆုံးအဆင့်သို့ ရောက်သွားတတ်ပါသည်။ နောက်ဆုံးအဆင့်တွင် ရောဂါပိုးကြောင့် ဦးနှောက်၊ အာရုံကြော၊ မျက်စိ၊ နှလုံး၊ သွေးကြော၊အသည်း၊ အရိုးနှင့် အဆစ်အပါအဝင် ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားတတ်ပါသည်။ ရောဂါလက္ခဏာများအနေဖြင့် ကြွက်သားလှုပ်ရှားမှုခက်ခဲခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ ထုံခြင်း၊ မျက်စိကွယ်ခြင်း၊ သွေးကြောဖောင်းကားခြင်းနှင့် စိတ်ပါယွင်းပြီး ရူးသွပ်ခြင်းများ ဖြစ်တတ်ပါသည်။ ယင်းကဲ့သို့ ပျက်စီးခြင်းသည် အသက်ဆုံးရံှုးသည်အထိ ပြင်းထန်နိုင်ပါသည်။
🔴 ရောဂါကြာချိန်
ကုသမှုမခံယူလျှင် တစ်သက်လုံးဖြစ်တတ်ပါသည်။
🔴 ဖြစ်ပွားရခြင်း အကြောင်းရင်း
ပုလင်းဘူးဆို့ဖောက်တံ ပုံသဏ္ဌာန် Spirochaeta Pallida ခေါ် ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါသည်။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်၍ အနာသည် နှုတ်ခမ်းနှင့် ပါးစပ်တွင်လည်းရှိတတ်သဖြင့် အချင်းချင်၊နမ်းရာမှလည်း ကူးစက်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်မှလည်း မိမိသနေ္ဓသားကူးစက်နိုင်ပါသည်။ ကာလသားရောဂါသည် တံခါးလက်ကိုင်ဖု၊ အိမ်သာအိုရေကူးကန် ရေချိုးကနိ၊ အဝတ်အစား သို့မဟုတ် အစားအသောက်ထည့် ပစ္စည်းများမှတစ်ဆင့် မကူးစက်တတ်ပါ။
🔴 နောက်ဆက်တွဲပြဿနာ
ကာလသားရောဂါကြောင့် ရှန်ကာအနာရှိသူများသည် HIV ပိုး ကူးစက်ခံရရန် လွယ်ကူပါသည်။ HIV ကူးစက်ခံရနိုင်ခြေ နှစ်ဆမှ ငါးဆအထိ မြင့်တက်နိုင်ပါသည်။ နောက်ဆုံးအဆင့်ရောက်လျှင် အထက်ဖော်ပြပါအတိုင်း ကိုယ်တွင်းအင်များ ပျက်စီးတတ်ပါသည်။
🔴 အိမ်၌ ပြုစုကုသနည်း
- ကုသ၍ မရပါ။
🔴 ဆရာဝန်နှင့် ပြသသင့်သည့် အချိန်
- လိင်မှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်သည်ဟု ထင်ခဲ့လျှင်
- အမျိုးသားလိင်အင်္ဂါ၊ မိန်းမကိုယ် နှုတ်ခမ်း၊ စအို သို့မဟုတ် ရင်သားပေါ်၌အနာ သို့မဟုတ် အဖုအပိမ့်ရှိနေခဲ့လျှင်
- ဂနို၊ ဆီးပူညောင်းကျနာ၊ ဆီးလမ်းကြောင်းရောင်ရမ်းနာကဲ့သို့ လိင်မှတစ်ဆင့် ကူးစက်နိုင်သော အခြားရောဂါရှိနေလျှင်
- မိမိတွင် ရောဂါကူးစက်နိုင်သည်ဟု သံသယရှိနေပြီး မိမိကိုယ်ပေါ်၌ အစက်အပြောက်များ ပေါ်ပေါက်လာလျှင်
🔴 ဆရာဝန်ကုသပေးနိုင်မည့် နည်းလမ်းများ
- သွေးဖောက်ပြီးစစ်ဆေးပါလိမ့်မည်။ များသောအားဖြင့် ရောဂါကူးစက်ပြီးလေးပတ်မှ ရှစ်ပတ်အကြာမှာ Positive တွေ့နိုင်ပါသည်။
- ရောဂါရှိမှန်းသေချာလျှင် ကာလသားရောဂါ အထူးကုဆရာဝန်နှင့် ပြသရန်ညှွန်ပြပေးပါလိမ့်မည်။
🔴 ကာကွယ်နည်းများ
- ကာမဂုဏ်မလိုက်စားပါနှင့်။
- ကွန်ဒုံးအသုံးပြုခြင်းသည် ရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။
- သွေးစစ်ရာတွင် ရောဂါပိုးမရှိကြောင်းသေချာသည်အထိ ထိထိရောက်ရောက်ကုသမှုခံယူပါမှ နောက်ဆက်တွဲဆိုးကျိုးမရရှိနိုင်ပါ။
- မိမိနှင့် လိင်ဆက်ဆံဖက်ကိုပါ သွေးစစ်ပြီး ကုသမှုခံယူပါ။ သို့မှသာ အချင်းချင်း အပြန်အလှန်ပြန်ကူးစက်မှုရှိမည် မဟုတ်တော့ပါ။
🔴 ရောဂါအခြေအနေ
ရောဂါကို စောစောစီးစီးသိရှိပြီး ထိထိရောက်ရောက်ကုသမှုခံယူလျှင် ရမရာဂါပျောက်ကင်းနိုင်ပါသည်။ ရောဂါနောက်ဆုံးအဆင့်ရောက်မှ ကုသမှုခံယူတွင် ထိရောက်မှု မရှိနိုင်တော့ပါ။
# ဒေါက်တာခင်မိုးမိုး | သတိပြုစရာ ကျန်းမာရေးပြသနာ အဖြာဖြာ
No comments:
Post a Comment