Translate
Wednesday, September 4, 2019
HIV ရှိနေခဲ့ရင်ဘာလုပ်မလဲ
<Unicode>
HIV ရှိနေခဲ့ရင်ဘာလုပ်မလဲ
.........
သွေးစစ်ကြည့်လို့ HIV ရှိနေခဲ့ပါပြီဆိုတဲ့ အဖြေထွက်လာခဲ့ရင် ကြောက်စရာ စိုးရိမ်စရာ မဟုတ်တော့ဘူးနော်။
ART လို့ခေါ်တဲ့ ပိုးထိန်းဆေးကို စနစ်တကျ အချိန်မှန်
သောက်သုံးခြင်းဖြင့် သာမန်လူတစ်ယောက်လို့ လူသက်တန်းစေ့ နေနိုင်ပါပြီ။
ကိုယ်ဘက်ကဆေးပုံမှန် သောက်မယ်။
ဆရာဝန်ညွန့်ကြားတဲ့ အချက်တွေကို စနစ်တကျ လိုက်နာမယ်။
လိင်ဆက်ဆံဖြစ်ရင် ကွန်ဒုံးစနစ်တကျ သုံးမယ်။
...
ပွေ့ဖတ်၊နမ်းရူံခြင်း၊တံတွေး၊နှပ်၊ချွေး၊
ထမင်းတူတူစားခြင်း၊အိမ်သာ တူတူသုံးခြင်း၊ စတာတွေ ကနေ မကူးစပ်နိုင်ဘူးနော်။
.....
ကူးစပ်နိုင်တဲ့ အခြေအနေ လေးရပ်ရှိတယ်။
*HIV ပိုးရှိတဲ့သူနဲ့ ကွန်ဒုံးမပါဘဲ လိင်တူ၊လိင်ကွဲ တစ်ကြိမ်တစ်ခါ ဆက်ဆံမိယုံနဲ့ကူးစပ်နိူင်ပါတယ်။
*HIV ပိုးရှိတဲ့သူရဲ့ သွေးကို သွင်းမိခြင်း(ရှားပါးလွန်းပါတယ်၊ခုခေတ်ကြီးမှ သွေးကိုစစ်ဆေးပြီးမှ သွေးလှူဘဏ်များက အလှူခံကြပါတယ်နော်။)
*ဆေးထိုးအပ်တစ်ချောင်းထဲကို မျှဝေသုံးစွဲခြင်း(အရင်ခေတ်များကပေါ့၊ယနေ့ခေတ်ကြီးမှတော့ တစ်ခါသုံးဆေးထိုးအပ်တွေဘဲ သုံးစွဲကြပါတယ်။)
*HIV ပိုးရှိတဲ့မိခင်ကနေ သနေ္ဓသားဆီသို့ ကူးဆက်ခြင်း(ခေတ်မိတဲ့ဆေးဝါးကုသစနစ်တွေကြောင့် စနစ်တကျ ခလေးယူမယ်ဆိုရင် ကူးစပ်နိုင်ချေ မရှိတော့ပါဘူး)
.....
သူငယ်ချင်းတို့ဘက်က
ကွန်ဒုံးမပါဘဲ လိင်တူဆက်ဆံဖူးရင်
ကျနော်တို့ ကျမ်းမာရေး ဝန်ဆောင်မှုရုံးမှ
အခမဲ့ စစ်ဆေးလို့ရသလို့ လိင်မှတစ်ဆင့်ကူးစပ်တက်သော ရောဂါများကိုလည်း
အခမဲ့ ကုသလို့ရပါတယ်။
...
အဲ့တော့ ဖုန်းလေးတော့ ကြိုဆက်ဖို့ လိုမယ်နော်။
09-765233399
...
လိပ်စာက 64 လမ်း သရဖီလမ်းနဲ့စံပါယ်လမ်းကြား။
...
ဆေးခန်းဖွင့်ချိန်က မနက်ကိုးနာရီဖြစ်ပြီး
ပိတ်ချိန်ကတော့ ညနေ့ လေးနာရီဖြစ်တယ်နော်။
တနလာၤနေ့မှသောကြာနေ့အထိ ဖွင့်ပါတယ်နော်။
....
<Zawgyi>
HIV ႐ွိေနခဲ့ရင္ဘာလုပ္မလဲ
.........
ေသြးစစ္ၾကည့္လို႔ HIV ႐ွိေနခဲ့ပါၿပီဆိုတဲ့ အေျဖထြက္လာခဲ့ရင္ ေၾကာက္စရာ စိုးရိမ္စရာ မဟုတ္ေတာ့ဘူးေနာ္။
ART လို႔ေခၚတဲ့ ပိုးထိန္းေဆးကို စနစ္တက် အခ်ိန္မွန္
ေသာက္သံုးျခင္းျဖင့္ သာမန္လူတစ္ေယာက္လို႔ လူသက္တန္းေစ့ ေနႏိုင္ပါၿပီ။
ကိုယ္ဘက္ကေဆးပံုမွန္ ေသာက္မယ္။
ဆရာဝန္ၫြန္႔ၾကားတဲ့ အခ်က္ေတြကို စနစ္တက် လိုက္နာမယ္။
လိင္ဆက္ဆံျဖစ္ရင္ ကြန္ဒံုးစနစ္တက် သံုးမယ္။
...
ေပြ႕ဖတ္၊နမ္းရံူျခင္း၊တံေတြး၊ႏွပ္၊ေခြၽး၊
ထမင္းတူတူစားျခင္း၊အိမ္သာ တူတူသံုးျခင္း၊ စတာေတြ ကေန မကူးစပ္ႏိုင္ဘူးေနာ္။
.....
ကူးစပ္ႏိုင္တဲ့ အေျခအေန ေလးရပ္႐ွိတယ္။
*HIV ပိုး႐ွိတဲ့သူနဲ႔ ကြန္ဒံုးမပါဘဲ လိင္တူ၊လိင္ကြဲ တစ္ႀကိမ္တစ္ခါ ဆက္ဆံမိယံုနဲ႔ကူးစပ္ႏိူင္ပါတယ္။
*HIV ပိုး႐ွိတဲ့သူရဲ႕ ေသြးကို သြင္းမိျခင္း(႐ွားပါးလြန္းပါတယ္၊ခုေခတ္ႀကီးမွ ေသြးကိုစစ္ေဆးၿပီးမွ ေသြးလႉဘဏ္မ်ားက အလႉခံၾကပါတယ္ေနာ္။)
*ေဆးထိုးအပ္တစ္ေခ်ာင္းထဲကို မွ်ေဝသံုးစြဲျခင္း(အရင္ေခတ္မ်ားကေပါ့၊ယေန႔ေခတ္ႀကီးမွေတာ့ တစ္ခါသံုးေဆးထိုးအပ္ေတြဘဲ သံုးစြဲၾကပါတယ္။)
*HIV ပိုး႐ွိတဲ့မိခင္ကေန သေႏၶသားဆီသို႔ ကူးဆက္ျခင္း(ေခတ္မိတဲ့ေဆးဝါးကုသစနစ္ေတြေၾကာင့္ စနစ္တက် ခေလးယူမယ္ဆိုရင္ ကူးစပ္ႏိုင္ေခ် မ႐ွိေတာ့ပါဘူး)
.....
သူငယ္ခ်င္းတို႔ဘက္က
ကြန္ဒံုးမပါဘဲ လိင္တူဆက္ဆံဖူးရင္
က်ေနာ္တို႔ က်မ္းမာေရး ဝန္ေဆာင္မႈရံုးမွ
အခမဲ့ စစ္ေဆးလို႔ရသလို႔ လိင္မွတစ္ဆင့္ကူးစပ္တက္ေသာ ေရာဂါမ်ားကိုလည္း
အခမဲ့ ကုသလို႔ရပါတယ္။
...
အဲ့ေတာ့ ဖုန္းေလးေတာ့ ႀကိဳဆက္ဖို႔ လိုမယ္ေနာ္။
09-765233399
...
လိပ္စာက 64 လမ္း သရဖီလမ္းနဲ႔စံပါယ္လမ္းၾကား။
...
ေဆးခန္းဖြင့္ခ်ိန္က မနက္ကိုးနာရီျဖစ္ၿပီး
ပိတ္ခ်ိန္ကေတာ့ ညေန႔ ေလးနာရီျဖစ္တယ္ေနာ္။
တနလာၤေန႔မွေသာၾကာေန႔အထိ ဖြင့္ပါတယ္ေနာ္။
Subscribe to:
Post Comments (Atom)
HIV အမေးအဖြေ
Unicode မကြာခဏမေးလေ့ရှိသောမေးခွန်းများ Q: HIV နှင့် AIDS ဘာကွာသနည်း။ A: “HIV”နှင့်“AIDS”ဟူသော အခေါ်အဝေါ်များသည် ရောဂါတစ်ခုတည်းကို ရည...

-
ကာလာသားရောဂါ (Syphilis) အကြောင်းသိကောင်းစရာ လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်၍ ရေရှည်၌ ခများကိုယ်တွင်းအင်္ဂါအများစုကို ...
-
Unicode .......... ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခဲ့ပြီလား စိတ်သောက ရောက်မနေပါနဲ့ သွေးစစ်ကြည့်တာ အကောင်းဆုံး အဖြေတစ်ခုပါ။ ____________...
-
Unicode ... စိတ်ရှည်ရှည်နဲ့ ဖတ်ပါ HIV ပိုးကို ၁၉၈၁ ခုနှစ်က စတွေ့ခဲ့ပြီး၊ HIV/AIDS ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ...
No comments:
Post a Comment