Translate
Sunday, September 1, 2019
HIV ဆိုတာဘာလဲ
Unicode
...
စိတ်ရှည်ရှည်နဲ့ ဖတ်ပါ
HIV
ပိုးကို ၁၉၈၁ ခုနှစ်က စတွေ့ခဲ့ပြီး၊ HIV/AIDS ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်
အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ Pandemic diseases တွေထဲက တစ်မျိုး ဖြစ်တယ်။ HIV
ဗိုင်းရပ်စ်ဟာ Retroviridae အုပ်စု၀င် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး
နှစ်မျိုးရှိတယ်။ HIV-1 ဟာ ပိုမို ပြင်းထန်တယ်၊ ကူးစက်လွယ်တယ်။ ကူးစက်ခံရရင်
လူ့ခန္ဓာကိုယ်တွင်းက ခုခံမှုစနစ် Immune System မှာရှိတဲ့ CD4 Cell (Helper T Cells)
ကို အဓိက ကူးစက် ဖျက်ဆီးတယ်။ ကူးစက်ခံရတဲ့ CD4 Cell တွေကို CD8 Cell တွေက
ရန်သူပိုးမွှားလို့ ထင်မှတ်ပြီး မှားယွင်း တိုက်ခိုက်လို့ CD4 Cell တွေ
လျော့နည်းစေတယ်။ ကျန်းမာတဲ့လူမှာ CD4 Cell အရေအတွက် 1200 cells/μl ရှိတယ်။
HIV ဆိုတာ ဘာလဲ
HIV
(Human Immunodeficiency Virus) ဆိုတာ လူ့ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းစေတဲ့
Virus ပိုး ဖြစ်တယ်။
AIDS ဆိုတာ ဘာလဲ
AIDS
(Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်းမှုရောဂါ ဆိုတာ HIV ပိုး
ကူးစက်ခံရလို့ ရလာရတဲ့ “ရောဂါလက္ခဏာ အစုအပေါင်း” ဖြစ်တယ်။ လက္ခဏာ သတ်သတ်မှတ်မှတ်
မရှိဘူး။ Opportunistic infections အခွင့်သာလို့ ၀င်လာတဲ့ ကူးစက်ရောဂါတွေကြောင့်
အသက် အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ ဖြစ်စေတယ်။
ဘယ်တော့ AIDS ဖြစ်လာသလဲ
HIV
ပိုး၀င်ပြီးနောက် ဆေးမကုသူတွေမှာ ၈-၁၀ နှစ်ကြာမှ AIDS ဖြစ်လာတယ်။
HIV
ကူးစက်နိုင်တဲ့ နည်းလမ်းများ
1.
ပိုးရှိသူ နှင့် လိင်တူ-လိင်ကွဲ ဆက်ဆံခြင်း၊ လူနာ ၉၀% က လိင်ဆက်ဆံရာက ကူးတယ်။ ၆၀-၇၀%
က လိင်တူဆက်ဆံလို့ ကူးတယ်။
2.
ပိုးပါတဲ့ သွေးသွင်းခြင်း (၉၀% ကျော် ကူးနိုင်စွမ်းရှိတယ်)၊ ပိုးရှိသူနဲ့
ဆေးထိုးအပ် ဆေးထိုးပြွန် မျှေ၀သုံးစွဲခြင်း၊ တကတူး ဆေးမင်ကြောင် ထိုးခြင်း၊
ဓါတ်အပ် စိုက်ခြင်း၊ ကွင်းတွေတပ်ဆင် အလှပြင်ခြင်း၊
3.
ကိုယ်၀န်ဆောင် မိခင်က ကလေးကို ကူးစက်ခြင်း (၁၅-၃၀%) တို့ ဖြစ်တယ်။
အဆင့်များ
Stage
I ဘာ ရောဂါလက္ခဏာမှ မရှိသေးတာ။
Stage
II သာမန်အရေပြား၊ အရေပြားနု၊ အသက်ရှူလမ်း အပေါ်ပိုင်းတွေမှာ ရောဂါလက္ခဏာတွေ ရှိလာတာ။
Stage
III ၀မ်းခဏခဏ၊ အကြာကြီး (၁ လ) လျှောတာ၊ ဆိုးဝါးတဲ့ ဗက်တီးရီးယားပိုး၀င်တာ၊
နူမိုးနီးယား၊
အဆုပ်တီဘီ ဖြစ်လာတာ။
Stage
IV ဦးနှောက်မှာ Toxoplasmosis ရောဂါ၊ အစာမြိုပြွန်-လေပြွန်-အဆုပ်မှာ Candidiasis
မှိုရောဂါ၊ Kaposi's Sarcoma ရောဂါ ၀င်လာတာ။ ဒီလိုရောဂါတွေက လူကောင်းတွေဆိုရင်
ကုသရတာလွယ်တယ်။ CD4 positive T cell count အရေအတွက်က 200 per mm3 of blood
ထက်နည်းမယ်။ WHO ကနေ Antiretroviral (ARV) therapy ဆေးကုဘို့ ညွှန်းတယ်။
ဆေးကုသခြင်း
•
HIV ကို လုံး၀ ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါး ယခုအချိန်ထိ မပေါ်သေးပါ။
•
ဗိုင်းရပ်စ် ပေါက်ပွားတာကို ထိန်းချုပ်ပေးပြီး၊ CD4 Cell အရေအတွက် ဆက်မလျော့
ကျစေလို့ ရောဂါ ရှေ့ဆက် တိုးမှာကို ဟန့်တားပေးတဲ့ ဆေးတွေသာ ရှိတယ်။
•
HIV ပိုးကြောင့် ခံစားရတဲ့ ေ၀ဒနာတွေကို သက်သာစေဘို့၊
•
ရောဂါပိုး အရေအတွက်ကို လျှော့ချပေးဘို့၊
•
လူနာရဲ့ သက်တမ်းကို ဆွဲဆန့်ပေးဘို့၊
•
လူနာရဲ့ ကျန်းမာရေး ကောင်းမွန်စေပြီး အလုပ် ပြန်လုပ်နိုင်စေဘို့သာ ဖြစ်တယ်။
HIV ကူးစက်မှု ရှိ-မရှိ၊
အကောင်း-အဆိုး စစ်ဆေးခြင်း
HIV
antibody ကို အလျှင်အမြန် စစ်ဆေးပေးတဲ့ ကိရိယာ (Rapid HIV test) ကို အလွယ်တကူ
ရနိုင်တယ်။ အခြား စစ်ဆေးနိုင်တဲ့ စမ်းသပ်နည်းတွေကတော့ ELISA, Western Blot နည်းတွေ
ဖြစ်တယ်။ ပိုး၀င် ပြီးချိန်က HIV antibody စစ်ဆေး တွေ့ရှိချိန်ထိ ကာလကို Window
period လို့ ခေါ်တယ်။ ဒီကာလမှာ HIV ကူးစက်ခံရမှန်း မသိနိုင်တဲ့အချိန် ဖြစ်ပြီး
အခြားသူတွေကိုတော့ ကူးစက်နိုင်စွမ်း ရှိတယ်။ ၉၉% သော HIV ကူးစက် ခံရသူများဟာ ၃ လ
အကြာမှာ HIV antibody စစ်ဆေး တွေ့ရှိနိုင်တယ်။
ရောဂါပိုး
၀င်ခါစမှာ သွေးစစ်ရင် ချက်ချင်း မပေါ်ဘူး။ HIV antibody test ကို စစ်ရင် လွန်ခဲ့တဲ့
(၃) လ မတိုင်ခင်က အခြေအနေကိုပဲ ပြတယ်။ အမျိုးသား နဲ့ အမျိုးသမီး အိမ်ထောင်
မပြုမီမှာလဲပဲ နှစ်ယောက်လုံးက သွေးစစ် သင့်ကြတယ်။
HIV/AIDS
ရောဂါ အကောင်း-အဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of
differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper cells; T-suppressor
cells; Cytotoxic T-cells နဲ့ တရား၀င် အခေါ်က CD4 lymphocyte count; CD8 lymphocyte
count; CD4/CD8 ratio; CD4 percent ဖြစ်တယ်။
CD4 Count
လူတိုင်းမှာ
ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတဲ့ထဲမှာ
Lymphocyte ခေါ်တဲ့ သွေးဖြူဥတမျိုး ပါတယ်။ HIV ပိုး၀င်လာရင် T-cells ကို
တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ၀င်လာစေဘို့ “ဧည့်ကြို” တာ၀န် ယူသလို
ဖြစ်တယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို
ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ
ကျဆင်းတယ်လို့ သွယ်၀ှိုက်ပြီး ပြောတယ်။
ရောဂါ
ဖြစ်စပိုင်းမှာတော့ လူဟာ ပျက်စီး-ပြောင်းသွားတဲ့ CD4 cells ကို အစားထိုး
ပေးနိုင်သေးတယ်။ နောက်ပိုင်းကြ ဒီလို မလုပ်နိုင်တော့ဘူး။ CD4 cells တွေ နည်းလာလေလေ
ခုခံအားကျလေဘဲ။ နောက်ဆုံး ဘာဆိုဘာမှ မခုခံနိုင်တော့ပါ။
CD4
Count ကို တခါထဲ စမ်းရတာ မဟုတ်ပါ။ နောက်စမ်းရင် အဖြေ မတူတာတွေ ထွက်မယ်။
ယှဉ်ကြည့်ရတယ်။ တယောက်ထဲမှာတောင် မနက်ခင်းမှာ ညနေထက် နည်းတတ်တယ်။ HIV မဟုတ်ဘဲ
နူမိုးနီးယား၊ ရေယုံ၊ တုပ်ကွေးတို့လို ရောဂါ တခုခု ရနေရင်လည်း CD4 count ခဏတဖြုတ်
နည်းတယ်။ ကင်ဆာဆေး သောက်နေရရင်လည်း နည်းတယ်။
ပုံမှန်
CD4 counts 500-1500/mm3 အတွင်းရှိတယ်။ ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200 x
106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS
ရောဂါသည်လို့ ပြောတယ်။ ARV ဆေးကို တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက
ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလဲ ရှိတယ်။
မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလဲ ရှိပြန်သေးတယ်။
HIV
viral load test ခေါ်တဲ့ သွေးထဲမှာ ဒီဗိုင်းရပ်စ်တွေ ဘယ်လောက်ရှိနေသလဲ သိတဲ့
စမ်းသပ်မှုနဲ့ပါ တွဲမှ ရောဂါ ဆိုးလာတာ၊ ဆေးထိရောက်တာ ဆိုတာ ပိုသေခြာတယ်။ CD4 ဟာ HIV
ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့
သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ
မကောင်းဘူး။ 100,000 ကျော်ရင် ဆေးကုပါ။
HIV
ရှိရင် CD4 အရေအတွက် ကျဆင်းတယ်။ ARV ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။
CD4 နဲ့ Viral load (VL) ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။
၁၀% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့
ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) က CD4 လောက်တော့ မတိကျပါ။
အခြေခံ
အကျဆုံးအချက်ကို ပြောရရင် “ဆေးစစ်နည်းတွေဆိုတာ လူတွေလိုဘဲ Perfect မဖြစ်ကြပါ။”
Condom (ကွန်ဒွမ်)
လိင်ဆက်ဆံမှု
ပြုတိုင်း Latex condom (ကွန်ဒွမ်) ကို စနစ်တကျ သုံးခြင်းဟာ HIV ကို
ကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံးနည်း ဖြစ်တယ်လို့ UNAIDS, WHO, UNFPA ဆိုတဲ့
နိုင်ငံတကာ အမြင့်ဆုံး ကျန်းမာရေး အဖွဲ့ အစည်းတွေက ထောက်ခံချက် ပေးထားတယ်။ ၉၈%
ထိရောက်တယ်။ (ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။
1.
ကိုယ်၀န်ရမှာကို တားဘို့နဲ့
2.
HIV အပါအ၀င် STD လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်၊ ရေယုံ၊ ကလာမိုင်ဒီးယား၊
ဂနိုရီးယား၊)ရောဂါ မှန်သမျှတွေကို ကူးစက်မလာအောင် ကာကွယ်ဘို့ ဖြစ်တယ်။
ဒါပေမဲ့
Genital warts လိင်လမ်း ကြွက်နို့ နဲ့ Genital herpes လိင်လမ်း ရေယုံတွေကိုတော့
မကာကွယ်နိုင်ဘူး။
(ကွန်ဒွမ်)
ကို သုံးတာလဲ စဉ်ဆက် မပြတ်စေရဘူး။ အသုံးပြုနည်းလဲ မှန်ရမယ်။ နည်းအမှန်ဆိုတာ ဘာလဲ။
လိင်တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ကွန်ဒွမ်) ကို
(ဗဂျိုင်းနား-ပါးစပ်-စအို) နဲ့ ထိစပ်မှု မရှိသေးခင် ကျားအင်္ဂါ သန်မာတာနဲ့ စွပ်ရမယ်။
စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အရင်းကို လက်နဲ့ ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ်
ဖုံးပေးပါ၊ လေ မခိုစေအောင် ဂရုစိုက်ပါ၊ အဖျားမှာတော့ ထွက်လာမဲ့ သုတ်ရည်အတွက် နေရာ
ကျန်နေပါစေ။ ဒီနေရာက လွဲရင် လိင်တံ တခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေအောင် ရှိပါစေ။
Latex
condoms ဆိုရင် ချောဆီ မလိုပါ။ မဟုတ်ရင် Water-based lubricants
ရေအခြေခံ-ချောဆီကိုသာ သုံးပါ။ K-Y Jelly က အကောင်းဆုံး ဖြစ်တယ်။ ဆီအခြေခံ
Oil-based lubricants, Petroleum jelly, Vaseline (ဗက်ဆလင်း)၊ Hand lotion, Baby
oil ကအစ တခြား ဘယ်ဆီ အမျိုးအစားကိုမှ မသုံးရပါ။ Silicone lubricant က အ၀တ်အစားကို
စွန်းထင်းစေတယ်။
Ejaculation
သုတ်ရည် ထွက်ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မကျခင်မှာ (ကွန်ဒွမ်) ကို ချွတ်ပါ။
ချွတ်တဲ့အခါ အထဲက သုတ်ရည်တွေ တစက်မှ ဖိတ်မကျစေပါနဲ့။ မ-အင်္ဂါထဲ ကျွတ်ကျန်
မနေစေပါနဲ့။ တယုတယ ကိုင်ပြီး ချွတ်ပါ။
မထိရောက်မှု
ကိုယ်၀န်
မတားနိုင်တာ၊ ရောဂါ မတားနိုင်တာ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသန ရလဒ်တွေ မတူကြပါ။
(ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ်
သုံးတာ ဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင် ကတည်းက ရောဂါ-ကိုယ်၀န် ရှိနေ-မနေ၊
စတာတွေပါ ထည့်စဉ်းစားရတယ်။
(ကွန်ဒွမ်) အရည်အသွေး
ခပ်ညံ့ညံ့
နိုင်ငံတွေမှာ မတော်တဲ့လူတွေ နဲ့ ခပ်ပေါပေါ ပစ္စည်းတွေသာ များတယ်။ အမေရိကားမှာ Food
and Drug Administration (FDA) က အသိအမှတ်ပြုမှ ရောင်းခွင့်ရှိတယ်။ ဥရောပ မှာတော့
CE Mark ပါရတယ်။ တကမ္ဘာလုံးမှာ ဆိုရင် International Organization for
Standardization (ISO) အမှတ်ပါမှ စိတ်ချနိုင်တယ်။ UK မှာ ဒါမျိုးတွေ မပါပေမဲ့
Kitemark, British Standard Kite Mark BS EN 600 ဆိုရင် ကောင်းတယ်။ WHO ကလဲ ဘယ်လို
စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ် ဆိုတာ သတ်မှတ် ပေးထားတယ်။ အပိုလုပ်ပေးထားတဲ့
အရောင်၊ အနံ့ စတာတွေက ကျန်းမာရေးအတွက် သက်ရောက်မှု မရှိပါ။ Latex condom ကို
အများဆုံး သုံးတယ်။ သူနဲ့ မတည့်သူတွေက Polyurethane Condom သုံးရတယ်။ Female
Condom အမျိုးသမီး သုံးလဲ ရှိတယ်။ Polyurethane နဲ့ လုပ်ထားတာပါ။ ကွင်း ၂ ခုပါတယ်။
Invisible Condom မမြင်နိုင်တဲ့ (ကွန်ဒွမ်) ဆိုတာ ကနေဒါမှာ ထုတ်လုပ်ဘို့
ကြိုးစားနေတယ်။ အရည်တမျိုးကနေ Barrier gel ဖြစ်လာစေပြီး အကာကွယ် လုပ်ပေးမှာမျိုး
ဖြစ်တယ်။ ရောဂါပိုးတွေကိုရော သုတ်ပိုးကိုပါ သေစေမယ်။ Spray on Condom ဆေးပန်း
(ကွန်ဒွမ်) ကို ဂျာမနီမှာ စမ်းနေတယ်။ တချို့ (ကွန်ဒွမ်) တွေမှာ Spermicide
သုတ်ပိုးသေဆေး ပါတယ်။ Foam ဒါမှမဟုတ် Cream အနေနဲ့ သုတ်ထား ပေးတာမျိုး။ ကိုယ်၀န်
မရမှာကို ပိုသေခြာအောင် လုပ်တာပါ။
သုံးနေရင်းနဲ့ (ကွန်ဒွမ်)
ပေါက်သွားရင်
ရောဂါကာကွယ်ဘို့
သုံးသူက (ကွန်ဒွမ်) အသစ်လဲရမယ်။ ကိုယ်၀န်တားဘို့ သုံးသူဆိုရင် အရေးပေါ်တားနည်း
Emergency contraceptive (EC) လုပ်ရမယ်။ ကိုယ်၀န်တားဆေး တခုခု သုံးနေသူတွေလဲ
တကယ်လို့ ကိုယ့်အဖေါ်ရဲ့ အကြောင်း မသိရင် ရောဂါတွေ ကာကွယ်ဘို့ (ကွန်ဒွမ်) ကိုပါ
သုံးရပါမယ်။ တကယ်လို့ HIV ပိုးရှိနေသူနဲ့ ဆက်ဆံနေရင်း (ကွန်ဒွမ်) ပေါက်ပြဲသွားရင်
Antiviral therapy ဆေး သောက်ရပါမယ်။
လိင်လမ်းတမျိုး
(ဗဂျိုင်းနား) မှာ သုံးပြီးသားကို နောက်တလမ်း (စအို) အတွက် (ကွန်ဒွမ်)
အသစ်သုံးဘို့နဲ့ Group အုပ်စုလို အဆန်းအပြား ကစားကြရာမှာလဲ တယောက်အတွက်
သုံးထားတာကို နောက်တယောက်အတွက် အသစ် ဖြစ်ရပါမယ်။ သုံးပြီးသားကို စွန့်ပြစ်တဲ့အခါ
တစ်ရှူးနဲ့ပတ်ပြီး၊ အမှိုက်ပုံးထဲ ပြစ်ပါ။ Toilet ထဲ မပြစ်ရပါ။ Biodegradable
မဟုတ်ပါ။
HIV ပိုးရှိတဲ့ သူနဲ့
အတူနေခြင်း
HIV
ပိုးရှိတဲ့သူနဲ့ တအိမ်ထဲ နေရတာဟာ ပိုးမရှိသူနဲ့ နေရတာနဲ့က ဘာမှ သိပ်မထူးလှပါ။
ပုံမှန်-သာမန် ထိတွေ့မှုတွေ ကြောင့်တော့ ဒီရောဂါပိုး ကူးတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့
အရမ်းကာရောတော့ မဟုတ်ပါ။
•
အိမ်မွေး တိရစၧာန်တွေ၊ ခြင်၊ ယင်၊ ပိုးဟပ်၊ ကြမ်းပိုးတွေကနေတဆင့် မကူးစက်နိုင်ပါ။
•
ပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိတဲ့ အရေပြားမှာ ပွန်းပဲ့တာ မရှိရင်တော့ အရေပြားကို
ဖောက်ပြီး မ၀င်နိုင်ဘူး။
•
Social kiss သာမန် နမ်းရုံနဲ့တော့ မကူးပါ။ Lip kiss ပါးစပ်ခြင်းနမ်းတဲ့အခါ
ပါးစပ်မှာ အနာရှိနေရင်၊ သွားဖုံးသွေး ယိုနေရင်၊ ကြမ်းကြမ်းတမ်းတမ်း နမ်းလို့
ပွန်းပဲ့ပြီး သွေးထွက်လာရင် ကူးစက် နိုင်တယ်။
•
ဒဏ်ရာ အနာတရ၊ ပွန်းပဲ့နာမျိုးရှိနေသူမှာ အဲဒီနေရာကို ရောဂါပိုးရှိသူရဲ့ သွေးနဲ့
ထိတွေ့မိရင် ကူးစက်နိုင်တယ်။
•
ရောဂါရှိတဲ့ လူမမာကို ပြုစုတဲ့အခါ လူနာရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ (ဥပမာ အနာက
ထွက်တဲ့ အရည်၊ ချွဲ၊ သလိပ်) တွေထဲမှာ ရောဂါပိုး အနည်းအကျဉ်း ပါနိုင်လို့
ကိုင်တွယ်တဲ့အခါမှာ လက်အိတ်နဲ့ ကိုင်တွယ်ပါ။ ပြီးရင်လဲ လက်ကို ချက်ချင်း ဆေးပါ။
•
ဒဏ်ရာတွေ အနာတွေ ရှိရင် လုံအောင် ပတ်တီး စီးထားပါ။
•
သွားတိုက်တံ၊ လက်သည်းညှပ်၊ နဲ့ မုတ်ဆိတ်ရိတ် ကိရိယာတွေကို မှျှပြီး မသုံးပါနဲ့။
•
ဆေးထိုးအပ်တွေကို ဖြုတ်ခြင်း တပ်ခြင်း မပြုလုပ်နဲ့။ အပ်တွေကို ကလေးရှိရာ
နေရာတွေမှာ မထားပါနဲ့။
HIV positive ကိုယ်၀န်ဆောင်
HIV
ပိုးရှိနေတဲ့ ကိုယ်၀န်ဆောင် မိခင်ကနေ မွေးလာမဲ့ ကလေးကို ကူးစက်နိုင်တဲ့
အခွင့်အလမ်း ၁၅-၃၀% ရှိတယ်။ ကူးနိုင်တဲ့ နည်းတွေက -
(၁)
ကိုယ်၀န်ဆောင်နေတုံး၊
(၂)
မွေးဖွါးဖြစ်စဉ် ဖြစ်နေတုံး (၁၀-၂၀%) နဲ့
(၃)
နို့တိုက်နေတုံး (၁၀-၁၅% ထပ်ဆောင်းတယ်) ကနေ ဖြစ်နိုင်တယ်။
ကိုယ်၀န်ဆောင်နေတုံး
အချင်းကနေ သနေ္ဓသားဆီ များသောအားဖြင့် မရောက်ပါ။ မိခင်က ကျန်းမာရေး ကောင်းနေရင်
အချင်းက အကာကွယ် ပေးရာတောင် ကျသေးတယ်။ ဒါ့ကြောင့် (၁) မိခင်လောင်းက အစာအာဟာရ
ကောင်းကောင်း စားဘို့ လိုတယ်။ (၂) တခြားရောဂါ (ငှက်ဖျား၊ တီဘီ၊ ဆီးအောင့်၊)
မ၀င်အောင် ဂရုစိုက်ရမယ်။ (၃) မိခင်က HIV ဆေးကုနေရင် ကလေးကို ကူးစရာအခွင့်အလမ်း ၂%
သာရှိလို့ ဆေးကုပါ။
ဒီလိုဖြစ်တဲ့
သား-အမိကို ချက်ချင်း ဆေးကုရမယ်။ ARV (Nevirapine or Zidovudine) ဆေးပေးရမယ်။
Nevirapine ဆေးကို မွေးဖွါးနေတဲ့မိခင်ကို တလုံး၊ ကလေးကို ၇၂ နာရီအတွင်း ၁
လုံးပေးရမယ်။ Zidovudine ဆေးကို ကိုယ်၀န် ဆောင်နေတုံး မမွေးခင် ၆ လမှာ ပေးထားရင်
ကူးစက်တာ နည်းစေတယ်။
အမေရိကားမှာ
ဒီဆေးကို စသုံးခဲ့ပြီး၊ အခု တခြားဆေးနဲ့ တွဲပေးနေတယ်။ ဆေးကို ကိုယ်၀န် ၃
လနောက်ပိုင်းမှာ ပေးတယ်။ ဘာအကာအကွယ်မှ လုပ်မထားရင် ကလေးဖွါးနေတုံးမှာ မိခင်ကနေ
ကလေးကူးဘို့ ၁၀-၂၀% ရှိတယ်။ သွေးနဲ့ ရေမြွှာရည်နဲ့ ထိရင် ကူးတယ်။ ဒါ့ကြောင့်
ရေမြွှာအိတ်ကို စောပြီးဖေါက် မွေးမပေးရဘူး။ Episiotomy မွေးလမ်းချဲ့ မွေးတာလည်း
ရှောင်ရမယ်။ LSCS ခွဲမွေးနည်းက ကူးစရာလမ်း နည်းစေတယ်။
ပိုးရှိမိခင်က
နို့တိုက်လို့ ကလေးကူးရတာ ၁၅% ရှိတယ်။ နို့စောစော ဖြတ်သင့်တယ်။ နို့မတိုက်လေ
ကူးဘို့အခွင့် နည်းလေ။ မကြာသေးခင်ကဘဲ HIV ပိုးရှိသူ မိခင်တွေက နို့တိုက်တာကို WHO
က တားမြစ် လိုက်တယ်။ မအေကို ဆေးကုသမှု ခံဘို့နဲ့ ကလေးမှာ ရောဂါပိုး ရှိ-မရှိ
စောနိုင်သမျှ စောပြီး (၆ ပတ်အတွင်း) ဆေးစစ်ဘို့ပါ အကြံပြုတယ်။ ကလေးက
ရောဂါပိုးရှိလို့ စောစော ဆေးမကုရင် ၂ နှစ်ထက် အသက် မရှည်ဘူး။
ကလေးတွေမှာ
အများအားဖြင့် အသက် ၈ လခန့်မှာ ရောဂါလက္ခဏာတွေ ပေါ်လာ တတ်တယ်။ တစ်ခါတစ်လေ မွေးပြီး
မကြာခင် စပေါ် နိုင်တယ်။ လက္ခဏာတွေက -
•
ကလေးကြီးထွားမှု မရှိခြင်း၊ ကြီးထွားမှု နှေးကွေးမယ်၊
•
အသည်း၊ ဘေလုံး၊ အကျိတ်များ ကြီးထွားနေမယ်၊
•
မကြာခဏ ဖျားခြင်း၊ ကူးစက်ရောဂါများ ခံစားရခြင်းစတဲ့ လက္ခဏာတွေ တွေ့ရတတ်တယ်။
သံမဏိ
စည်းမျဉ်း ၅ ချက်
1.
အခြေအနေမှန်ကို ရှင်းရှင်း သိနေကြအောင် ပွင့်ပွင့်လင်းလင်း ပြောပါ။ စိုးရိမ်တာ
ရှိသမျှ ထုတ်ပြောပါ။ တယောက် အပေါ် တယောက် ရိုးသားပါ။ ကိုယ်ထင်တာကို တရားသူကြီးလုပ်ပြီး
ဆုံးဖြတ်ချက် မချပါနဲ့။
2.
အကြောက် မလွန်ပါနဲ့။ မီးဖိုနဲ့ အိမ်သာ အတူသုံးရတာနဲ့ ပိုးက ကိုယ့်ဆီ
ကူးမလာနိုင်ပါ။ အတူနေလေ့ရှိကြတဲ့ ညီအကိုလို၊ မောင်နှမလို၊ သားအမိ-သားအဖလို၊
အခန်းကို (ရှယ်) လုပ်နေလေ့ရှိတဲ့ သူငယ်ချင်းလို နေကြတာက စိုးရိမ်စရာ နတၳိပါ။
3.
HIV အကြောင်း ကျန်းမာရေး-လူမှုရေး သုတတော့ လေ့လာထားကြပါ။ တိတိပပ ပြောပါ့မယ်၊ “သွေး၊
မိခင်နို့၊ ကျား-သုတ်ရည်၊ မ-ဗဂျိုင်းနားက အရည်၊ ” ဤလေးမည်ကနေသာ ကူးပါတယ်။
လက်ခြင်းထိ၊ ပါးခြင်းအပ်၊ ကျောခြင်း ကပ်ယုံနဲ့ လုံး၀မကူးပါ။ သွားထိလို့
ဓါတ်လိုက်မှာလား ကြောက်စရာ မထားပါနဲ့။ စာအတူ ဖတ်ပါ၊ တီဗွီအတူ ထိုင်ကြည့်ပါ။ ထမင်း
တစားပွဲထဲ ထိုင်စားပါ။ ညောင်းလို့ နှိပ်နင်းပေးလဲ ရောဂါ မရပါ၊ ကုသိုလ်သာ ရပါမယ်။
4.
သူ့ အတွင်းရေး-လုံခြုံမှုကို လေးစားပါ။ တစိမ်းတရံတွေကို “သူကရောဂါသည်” လို့
မလိုအပ်ဘဲနဲ့၊ နှိမ်ချင်တဲ့ သဘောနဲ့ မပြောပါနဲ့။
5.
စည်းကမ်း-ကလနား သတ်မှတ်ထားပါ။ ကိုယ့်ပစ္စည်း လာသုံးတာကို အပြတ်ငြင်းပါ၊
အားမနာပါနဲ့။ ဆောရီး လောက်နဲ့ မရပါ။ ပိုးရှိသူကနေ ချတဲ့ စည်းကမ်းကိုလည်း
တခြားလူတွေက လိုက်နာကြပါ။
ဒီလိုရောဂါအတွက်
အင်မတန် စိတ်ထားမြင့်တဲ့ “ဆိုရှယ်-၀ပ်ကားစ်” တွေ ဖြစ်နိုင်ကြပါတယ်။ ဆရာ၀န်တွေမှ
မဟုတ်ပါ၊ နိုင်ငံလှည့်ပြီး၊ ကမ္ဘာလှည့်ပြီး၊ ရောဂါကာကွယ်ရေး အသိပေးသူတွေ မနည်းပါ။
crd; Dr. တင့်ဆွေ
...
Zawgyi
...
စိတ္ရွည္ရွည္နဲ႔ ဖတ္ပါ
HIV
ပိုးကို ၁၉၈၁ ခုႏွစ္က စေတြ႔ခဲ့ျပီး၊ HIV/AIDS ဟာ တစ္ကမာၻလံုးကို ျခိမ္းေျခာက္
အႏၲရာယ္ ျပဳေနဆဲ ကပ္ေရာဂါ Pandemic diseases ေတြထဲက တစ္မ်ဳိး ျဖစ္တယ္။ HIV
ဗိုင္းရပ္စ္ဟာ Retroviridae အုပ္စု၀င္ ျဖစ္ျပီး HIV-1 နဲ႔ HIV-2 ဆိုျပီး
ႏွစ္မ်ဳိး႐ွိတယ္။ HIV-1 ဟာ ပိုမို ျပင္းထန္တယ္၊ ကူးစက္လြယ္တယ္။ ကူးစက္ခံရရင္
လူ႔ခႏၶာကိုယ္တြင္းက ခုခံမႈစနစ္ Immune System မွာ႐ွိတဲ့ CD4 Cell (Helper T Cells)
ကို အဓိက ကူးစက္ ဖ်က္ဆီးတယ္။ ကူးစက္ခံရတဲ့ CD4 Cell ေတြကို CD8 Cell ေတြက
ရန္သူပိုးမႊားလို႔ ထင္မွတ္ျပီး မွားယြင္း တိုက္ခိုက္လို႔ CD4 Cell ေတြ
ေလ်ာ့နည္းေစတယ္။ က်န္းမာတဲ့လူမွာ CD4 Cell အေရအတြက္ 1200 cells/μl ႐ွိတယ္။
HIV ဆိုတာ ဘာလဲ
HIV
(Human Immunodeficiency Virus) ဆိုတာ လူ႔ရဲ႕ ကိုယ္ခံစြမ္းအားကို က်ဆင္းေစတဲ့
Virus ပိုး ျဖစ္တယ္။
AIDS ဆိုတာ ဘာလဲ
AIDS
(Acquired Immune Deficiency Syndrome) ခုခံအား က်ဆင္းမႈေရာဂါ ဆိုတာ HIV ပိုး
ကူးစက္ခံရလို႔ ရလာရတဲ့ “ေရာဂါလကၡဏာ အစုအေပါင္း” ျဖစ္တယ္။ လကၡဏာ သတ္သတ္မွတ္မွတ္
မရွိဘူး။ Opportunistic infections အခြင့္သာလို႔ ၀င္လာတဲ့ ကူးစက္ေရာဂါေတြေၾကာင့္
အသက္ အႏၱရာယ္ကို စိုးရိမ္ရတဲ့အထိ ျဖစ္ေစတယ္။
ဘယ္ေတာ့ AIDS ျဖစ္လာသလဲ
HIV
ပိုး၀င္ျပီးေနာက္ ေဆးမကုသူေတြမွာ ၈-၁၀ ႏွစ္ၾကာမွ AIDS ျဖစ္လာတယ္။
HIV
ကူးစက္ႏိုင္တဲ့ နည္းလမ္းမ်ား
1.
ပိုး႐ွိသူ ႏွင့္ လိင္တူ-လိင္ကဲြ ဆက္ဆံျခင္း၊ လူနာ ၉၀% က လိင္ဆက္ဆံရာက ကူးတယ္။ ၆၀-၇၀%
က လိင္တူဆက္ဆံလို႔ ကူးတယ္။
2.
ပိုးပါတဲ့ ေသြးသြင္းျခင္း (၉၀% ေက်ာ္ ကူးႏိုင္စြမ္းရွိတယ္)၊ ပိုး႐ွိသူနဲ႔
ေဆးထိုးအပ္ ေဆးထိုးျပြန္ မွ်ေ၀သံုးစြဲျခင္း၊ တကတူး ေဆးမင္ေၾကာင္ ထိုးျခင္း၊
ဓါတ္အပ္ စိုက္ျခင္း၊ ကြင္းေတြတပ္ဆင္ အလွျပင္ျခင္း၊
3.
ကိုယ္၀န္ေဆာင္ မိခင္က ကေလးကို ကူးစက္ျခင္း (၁၅-၃၀%) တို႔ ျဖစ္တယ္။
အဆင့္မ်ား
Stage
I ဘာ ေရာဂါလကၡဏာမွ မရွိေသးတာ။
Stage
II သာမန္အေရျပား၊ အေရျပားႏု၊ အသက္ရွဴလမ္း အေပၚပိုင္းေတြမွာ ေရာဂါလကၡဏာေတြ ရွိလာတာ။
Stage
III ၀မ္းခဏခဏ၊ အၾကာၾကီး (၁ လ) ေလွ်ာတာ၊ ဆိုး၀ါးတဲ့ ဗက္တီးရီးယားပိုး၀င္တာ၊
ႏူမိုးနီးယား၊
အဆုပ္တီဘီ ျဖစ္လာတာ။
Stage
IV ဦးေႏွာက္မွာ Toxoplasmosis ေရာဂါ၊ အစာျမိဳျပြန္-ေလျပြန္-အဆုပ္မွာ Candidiasis
မိႈေရာဂါ၊ Kaposi's Sarcoma ေရာဂါ ၀င္လာတာ။ ဒီလိုေရာဂါေတြက လူေကာင္းေတြဆိုရင္
ကုသရတာလြယ္တယ္။ CD4 positive T cell count အေရအတြက္က 200 per mm3 of blood
ထက္နည္းမယ္။ WHO ကေန Antiretroviral (ARV) therapy ေဆးကုဘို႔ ညႊန္းတယ္။
ေဆးကုသျခင္း
•
HIV ကို လံုး၀ ေပ်ာက္ကင္း ေစႏိုင္တဲ့ ေဆး၀ါး ယခုအခ်ိန္ထိ မေပၚေသးပါ။
•
ဗိုင္းရပ္စ္ ေပါက္ပြားတာကို ထိန္းခ်ဳပ္ေပးျပီး၊ CD4 Cell အေရအတြက္ ဆက္မေလ်ာ့
က်ေစလို႔ ေရာဂါ ေ႐ွ႕ဆက္ တိုးမွာကို ဟန္႔တားေပးတဲ့ ေဆးေတြသာ ႐ွိတယ္။
•
HIV ပိုးေၾကာင့္ ခံစားရတဲ့ ေ၀ဒနာေတြကို သက္သာေစဘို႔၊
•
ေရာဂါပိုး အေရအတြက္ကို ေလွ်ာ့ခ်ေပးဘို႔၊
•
လူနာရဲ႕ သက္တမ္းကို ဆြဲဆန္႔ေပးဘို႔၊
•
လူနာရဲ႕ က်န္းမာေရး ေကာင္းမြန္ေစျပီး အလုပ္ ျပန္လုပ္ႏိုင္ေစဘို႔သာ ျဖစ္တယ္။
HIV ကူးစက္မႈ ႐ွိ-မ႐ွိ၊
အေကာင္း-အဆိုး စစ္ေဆးျခင္း
HIV
antibody ကို အလွ်င္အျမန္ စစ္ေဆးေပးတဲ့ ကိရိယာ (Rapid HIV test) ကို အလြယ္တကူ
ရႏိုင္တယ္။ အျခား စစ္ေဆးႏိုင္တဲ့ စမ္းသပ္နည္းေတြကေတာ့ ELISA, Western Blot နည္းေတြ
ျဖစ္တယ္။ ပိုး၀င္ ျပီးခ်ိန္က HIV antibody စစ္ေဆး ေတြ႔႐ွိခ်ိန္ထိ ကာလကို Window
period လို႔ ေခၚတယ္။ ဒီကာလမွာ HIV ကူးစက္ခံရမွန္း မသိႏိုင္တဲ့အခ်ိန္ ျဖစ္ျပီး
အျခားသူေတြကိုေတာ့ ကူးစက္ႏိုင္စြမ္း ႐ွိတယ္။ ၉၉% ေသာ HIV ကူးစက္ ခံရသူမ်ားဟာ ၃ လ
အၾကာမွာ HIV antibody စစ္ေဆး ေတြ႔႐ွိႏိုင္တယ္။
ေရာဂါပိုး
၀င္ခါစမွာ ေသြးစစ္ရင္ ခ်က္ခ်င္း မေပၚဘူး။ HIV antibody test ကို စစ္ရင္ လြန္ခဲ႔တဲ့
(၃) လ မတိုင္ခင္က အေျခအေနကိုပဲ ျပတယ္။ အမ်ိဳးသား နဲ႔ အမ်ိဳးသမီး အိမ္ေထာင္
မျပဳမီမွာလဲပဲ ႏွစ္ေယာက္လံုးက ေသြးစစ္ သင့္ၾကတယ္။
HIV/AIDS
ေရာဂါ အေကာင္း-အဆိုး သိခ်င္ရင္ စမ္းသပ္တဲ့ နည္းတခုကို CD4 (Cluster of
differentiation 4) လို႔ ေခၚတယ္။ အလြယ္ေခၚ T4 count; T-helper cells; T-suppressor
cells; Cytotoxic T-cells နဲ႔ တရား၀င္ အေခၚက CD4 lymphocyte count; CD8 lymphocyte
count; CD4/CD8 ratio; CD4 percent ျဖစ္တယ္။
CD4 Count
လူတိုင္းမွာ
ခုခံႏိုင္စြမ္း ရွိေအာင္ လုပ္ေပးေနတဲ့ (ဆဲလ္) ေတြ အမ်ိဳးမ်ိဳးရွိတဲ့ထဲမွာ
Lymphocyte ေခၚတဲ့ ေသြးျဖဴဥတမ်ိဳး ပါတယ္။ HIV ပိုး၀င္လာရင္ T-cells ကို
တိုက္ခိုက္တယ္။ CD4 က T cells ထဲကို HIV-1 ၀င္လာေစဘို႔ “ဧည့္ၾကိဳ” တာ၀န္ ယူသလို
ျဖစ္တယ္။ အဲဒီ (ဆဲလ္) ေတြကို အသံုးခ်ျပီး၊ ပံုတူပြါးတာမို႔ ခုခံအားစနစ္ကို
ဖ်က္ဆီးရာ ေရာက္ေစတယ္။ ဒါ့ေၾကာင့္ ဒီ (ဆဲလ္) ေတြ နည္းေနတာဟာ ခုခံစြမ္းအားေတြ
က်ဆင္းတယ္လို႔ သြယ္၀ိႈက္ျပီး ေျပာတယ္။
ေရာဂါ
ျဖစ္စပိုင္းမွာေတာ့ လူဟာ ပ်က္စီး-ေျပာင္းသြားတဲ့ CD4 cells ကို အစားထိုး
ေပးႏိုင္ေသးတယ္။ ေနာက္ပိုင္းၾက ဒီလို မလုပ္ႏိုင္ေတာ့ဘူး။ CD4 cells ေတြ နည္းလာေလေလ
ခုခံအားက်ေလဘဲ။ ေနာက္ဆံုး ဘာဆိုဘာမွ မခုခံႏိုင္ေတာ့ပါ။
CD4
Count ကို တခါထဲ စမ္းရတာ မဟုတ္ပါ။ ေနာက္စမ္းရင္ အေျဖ မတူတာေတြ ထြက္မယ္။
ယွဥ္ၾကည့္ရတယ္။ တေယာက္ထဲမွာေတာင္ မနက္ခင္းမွာ ညေနထက္ နည္းတတ္တယ္။ HIV မဟုတ္ဘဲ
ႏူမိုးနီးယား၊ ေရယံု၊ တုပ္ေကြးတို႔လို ေရာဂါ တခုခု ရေနရင္လည္း CD4 count ခဏတျဖဳတ္
နည္းတယ္။ ကင္ဆာေဆး ေသာက္ေနရရင္လည္း နည္းတယ္။
ပံုမွန္
CD4 counts 500-1500/mm3 အတြင္းရွိတယ္။ ဓါတ္ခြဲခမ္း တခုႏွင့္တခု မတူပါ။ 500-1200 x
106/L လို႔ သတ္မွတ္တာလဲ ရွိတယ္။ CD4 Count 200 cells/mm3 ရွိတာေတြ႔ရင္ AIDS
ေရာဂါသည္လို႔ ေျပာတယ္။ ARV ေဆးကို တခ်ိဳ႕ ေဆးရံုေတြက 350 cells/mm3 ရွိကတည္းက
ေရာဂါလကၡဏာ ရွိရွိ-မရွိရွိ ေဆးေပးတယ္။ CD4 နည္းေပမဲ့ က်န္းမာေနသူလဲ ရွိတယ္။
မနည္းေပမဲ့ ေနမေကာင္း ျဖစ္ေနသူလဲ ရွိျပန္ေသးတယ္။
HIV
viral load test ေခၚတဲ့ ေသြးထဲမွာ ဒီဗိုင္းရပ္စ္ေတြ ဘယ္ေလာက္ရွိေနသလဲ သိတဲ့
စမ္းသပ္မႈနဲ႔ပါ တြဲမွ ေရာဂါ ဆိုးလာတာ၊ ေဆးထိေရာက္တာ ဆိုတာ ပိုေသျခာတယ္။ CD4 ဟာ HIV
ပိုးက ဘယ္ေလာက္ ဖ်က္ဆီးထားျပီလဲ ဆိုတာကို သိေစႏိုင္ျပီး၊ Viral load ကေတာ့
ေသြးထဲမွာ HIV ပိုး ဘယ္ေလာက္ မ်ားမ်ား ရွိေနသလဲကို သိေစတယ္။ Viral load မ်ားေနတာ
မေကာင္းဘူး။ 100,000 ေက်ာ္ရင္ ေဆးကုပါ။
HIV
ရွိရင္ CD4 အေရအတြက္ က်ဆင္းတယ္။ ARV ေဆးေပးျပီးေနာက္ နလံထမွာ တခါ ျပန္တက္လာတယ္။
CD4 နဲ႔ Viral load (VL) ဆက္စပ္ေနတာ ရွိသလို တခါတေလ အဲလို မဟုတ္တာလဲ ေတြ႔ေနရတယ္။
၁၀% ေလာက္မွာ VL က်ေနေပမဲ့ CD4 မတက္ဘူး။ ဒါ့ေၾကာင့္ CD4 တံု႔ျပန္မႈ မရွိတာနဲ႔
ေဆးကုတာ မထိေရာက္ဘူးလို႔ မေျပာႏိုင္ပါ။ Viral load (VL) က CD4 ေလာက္ေတာ့ မတိက်ပါ။
အေျခခံ
အက်ဆံုးအခ်က္ကို ေျပာရရင္ “ေဆးစစ္နည္းေတြဆိုတာ လူေတြလိုဘဲ Perfect မျဖစ္ၾကပါ။”
Condom (ကြန္ဒြမ္)
လိင္ဆက္ဆံမႈ
ျပဳတိုင္း Latex condom (ကြန္ဒြမ္) ကို စနစ္တက် သံုးျခင္းဟာ HIV ကို
ကာကြယ္ႏိုင္တဲ့ တခုထဲေသာ အေကာင္းဆံုးနည္း ျဖစ္တယ္လို႔ UNAIDS, WHO, UNFPA ဆိုတဲ့
ႏိုင္ငံတကာ အျမင့္ဆံုး က်န္းမာေရး အဖြဲ႔ အစည္းေတြက ေထာက္ခံခ်က္ ေပးထားတယ္။ ၉၈%
ထိေရာက္တယ္။ (ကြန္ဒြမ္) ကို ရည္ရြယ္ခ်က္ ၂ ခုအတြက္ သံုးရတယ္။
1.
ကိုယ္၀န္ရမွာကို တားဘို႔နဲ႔
2.
HIV အပါအ၀င္ STD လိင္ကတဆင့္ ကူးစက္မဲ့ (ဆစ္ဖလစ္၊ ေရယံု၊ ကလာမိုင္ဒီးယား၊
ဂႏိုရီးယား၊)ေရာဂါ မွန္သမွ်ေတြကို ကူးစက္မလာေအာင္ ကာကြယ္ဘို႔ ျဖစ္တယ္။
ဒါေပမဲ့
Genital warts လိင္လမ္း ၾကြက္ႏို႔ နဲ႔ Genital herpes လိင္လမ္း ေရယံုေတြကိုေတာ့
မကာကြယ္ႏိုင္ဘူး။
(ကြန္ဒြမ္)
ကို သံုးတာလဲ စဥ္ဆက္ မျပတ္ေစရဘူး။ အသံုးျပဳနည္းလဲ မွန္ရမယ္။ နည္းအမွန္ဆိုတာ ဘာလဲ။
လိင္တခါ ဆက္ဆံတိုင္း (ကြန္ဒြမ္) အသစ္ျဖစ္ရမယ္။ (ကြန္ဒြမ္) ကို
(ဗဂ်ိဳင္းနား-ပါးစပ္-စအို) နဲ႔ ထိစပ္မႈ မရွိေသးခင္ က်ားအဂၤါ သန္မာတာနဲ႔ စြပ္ရမယ္။
စြပ္တဲ့အခါ၊ (ကြန္ဒြမ္) ရဲ႕ အရင္းကို လက္နဲ႔ ကိုင္ျပီး၊ လိင္တံတခုလံုးအေပၚ
ဖံုးေပးပါ၊ ေလ မခိုေစေအာင္ ဂရုစိုက္ပါ၊ အဖ်ားမွာေတာ့ ထြက္လာမဲ့ သုတ္ရည္အတြက္ ေနရာ
က်န္ေနပါေစ။ ဒီေနရာက လြဲရင္ လိင္တံ တခုလံုးေပၚမွာ သပ္သပ္ရပ္ရပ္ ကပ္ေနေအာင္ ရွိပါေစ။
Latex
condoms ဆိုရင္ ေခ်ာဆီ မလိုပါ။ မဟုတ္ရင္ Water-based lubricants
ေရအေျခခံ-ေခ်ာဆီကိုသာ သံုးပါ။ K-Y Jelly က အေကာင္းဆံုး ျဖစ္တယ္။ ဆီအေျခခံ
Oil-based lubricants, Petroleum jelly, Vaseline (ဗက္ဆလင္း)၊ Hand lotion, Baby
oil ကအစ တျခား ဘယ္ဆီ အမ်ိဳးအစားကိုမွ မသံုးရပါ။ Silicone lubricant က အ၀တ္အစားကို
စြန္းထင္းေစတယ္။
Ejaculation
သုတ္ရည္ ထြက္ျပီးတာနဲ႔ က်ားအဂၤါ နဂိုအေန ျပန္မက်ခင္မွာ (ကြန္ဒြမ္) ကို ခြ်တ္ပါ။
ခြ်တ္တဲ့အခါ အထဲက သုတ္ရည္ေတြ တစက္မွ ဖိတ္မက်ေစပါနဲ႔။ မ-အဂၤါထဲ ကြ်တ္က်န္
မေနေစပါနဲ႔။ တယုတယ ကိုင္ျပီး ခြ်တ္ပါ။
မထိေရာက္မႈ
ကိုယ္၀န္
မတားႏိုင္တာ၊ ေရာဂါ မတားႏိုင္တာ ဘယ္ေလာက္ ရွိတယ္ဆိုတာ သုေတသန ရလဒ္ေတြ မတူၾကပါ။
(ကြန္ဒြမ္) အမ်ိဳးအစား၊ အရည္အေသြး၊ စြပ္နည္း-ခြ်တ္နည္း၊ အခ်ိန္၊ စဥ္ဆက္မျပတ္
သံုးတာ ဟုတ္-မဟုတ္၊ (ကြန္ဒြမ္) မသံုးခင္ ကတည္းက ေရာဂါ-ကုိယ္၀န္ ရွိေန-မေန၊
စတာေတြပါ ထည့္စဥ္းစားရတယ္။
(ကြန္ဒြမ္) အရည္အေသြး
ခပ္ညံ့ညံ့
ႏိုင္ငံေတြမွာ မေတာ္တဲ့လူေတြ နဲ႔ ခပ္ေပါေပါ ပစၥည္းေတြသာ မ်ားတယ္။ အေမရိကားမွာ Food
and Drug Administration (FDA) က အသိအမွတ္ျပဳမွ ေရာင္းခြင့္ရွိတယ္။ ဥေရာပ မွာေတာ့
CE Mark ပါရတယ္။ တကမာၻလံုးမွာ ဆိုရင္ International Organization for
Standardization (ISO) အမွတ္ပါမွ စိတ္ခ်ႏိုင္တယ္။ UK မွာ ဒါမ်ိဳးေတြ မပါေပမဲ့
Kitemark, British Standard Kite Mark BS EN 600 ဆိုရင္ ေကာင္းတယ္။ WHO ကလဲ ဘယ္လို
စမ္းသပ္မႈေတြကို ခံႏိုင္ရည္ရွိရမယ္ ဆိုတာ သတ္မွတ္ ေပးထားတယ္။ အပိုလုပ္ေပးထားတဲ့
အေရာင္၊ အနံ႔ စတာေတြက က်န္းမာေရးအတြက္ သက္ေရာက္မႈ မရွိပါ။ Latex condom ကို
အမ်ားဆံုး သံုးတယ္။ သူနဲ႔ မတည့္သူေတြက Polyurethane Condom သံုးရတယ္။ Female
Condom အမ်ိဳးသမီး သံုးလဲ ရွိတယ္။ Polyurethane နဲ႔ လုပ္ထားတာပါ။ ကြင္း ၂ ခုပါတယ္။
Invisible Condom မျမင္ႏိုင္တဲ့ (ကြန္ဒြမ္) ဆိုတာ ကေနဒါမွာ ထုတ္လုပ္ဘို႔
ၾကိဳးစားေနတယ္။ အရည္တမ်ိဳးကေန Barrier gel ျဖစ္လာေစျပီး အကာကြယ္ လုပ္ေပးမွာမ်ိဳး
ျဖစ္တယ္။ ေရာဂါပိုးေတြကိုေရာ သုတ္ပိုးကိုပါ ေသေစမယ္။ Spray on Condom ေဆးပန္း
(ကြန္ဒြမ္) ကို ဂ်ာမနီမွာ စမ္းေနတယ္။ တခ်ိဳ႕ (ကြန္ဒြမ္) ေတြမွာ Spermicide
သုတ္ပိုးေသေဆး ပါတယ္။ Foam ဒါမွမဟုတ္ Cream အေနနဲ႔ သုတ္ထား ေပးတာမ်ိဳး။ ကိုယ္၀န္
မရမွာကို ပိုေသျခာေအာင္ လုပ္တာပါ။
သံုးေနရင္းနဲ႔ (ကြန္ဒြမ္)
ေပါက္သြားရင္
ေရာဂါကာကြယ္ဘို႔
သံုးသူက (ကြန္ဒြမ္) အသစ္လဲရမယ္။ ကိုယ္၀န္တားဘုိ႔ သံုးသူဆိုရင္ အေရးေပၚတားနည္း
Emergency contraceptive (EC) လုပ္ရမယ္။ ကိုယ္၀န္တားေဆး တခုခု သံုးေနသူေတြလဲ
တကယ္လို႔ ကိုယ့္အေဖၚရဲ႕ အေၾကာင္း မသိရင္ ေရာဂါေတြ ကာကြယ္ဘို႔ (ကြန္ဒြမ္) ကိုပါ
သံုးရပါမယ္။ တကယ္လို႔ HIV ပိုးရွိေနသူနဲ႔ ဆက္ဆံေနရင္း (ကြန္ဒြမ္) ေပါက္ျပဲသြားရင္
Antiviral therapy ေဆး ေသာက္ရပါမယ္။
လိင္လမ္းတမ်ိဳး
(ဗဂ်ိဳင္းနား) မွာ သံုးျပီးသားကို ေနာက္တလမ္း (စအို) အတြက္ (ကြန္ဒြမ္)
အသစ္သံုးဘို႔နဲ႔ Group အုပ္စုလို အဆန္းအျပား ကစားၾကရာမွာလဲ တေယာက္အတြက္
သံုးထားတာကို ေနာက္တေယာက္အတြက္ အသစ္ ျဖစ္ရပါမယ္။ သံုးျပီးသားကို စြန္႔ျပစ္တဲ့အခါ
တစ္ရွဴးနဲ႔ပတ္ျပီး၊ အမိႈက္ပံုးထဲ ျပစ္ပါ။ Toilet ထဲ မျပစ္ရပါ။ Biodegradable
မဟုတ္ပါ။
HIV ပိုးရွိတဲ့ သူနဲ႔
အတူေနျခင္း
HIV
ပိုးရွိတဲ့သူနဲ႔ တအိမ္ထဲ ေနရတာဟာ ပိုးမရွိသူနဲ႔ ေနရတာနဲ႔က ဘာမွ သိပ္မထူးလွပါ။
ပံုမွန္-သာမန္ ထိေတြ႔မႈေတြ ေၾကာင့္ေတာ့ ဒီေရာဂါပိုး ကူးတယ္ဆိုတာ မရွိဘူး။ ဒါေပမဲ့
အရမ္းကာေရာေတာ့ မဟုတ္ပါ။
•
အိမ္ေမြး တိရစၧာန္ေတြ၊ ျခင္၊ ယင္၊ ပိုးဟပ္၊ ႀကမ္းပိုးေတြကေနတဆင့္ မကူးစက္ႏုိင္ပါ။
•
ပိုးရွိသူရဲ႕ ေသြးနဲ႔ ထိေတြ႔မိတဲ့ အေရျပားမွာ ပြန္းပဲ့တာ မရွိရင္ေတာ့ အေရျပားကို
ေဖာက္ျပီး မ၀င္ႏိုင္ဘူး။
•
Social kiss သာမန္ နမ္းရံုနဲ႔ေတာ့ မကူးပါ။ Lip kiss ပါးစပ္ျခင္းနမ္းတဲ့အခါ
ပါးစပ္မွာ အနာရွိေနရင္၊ သြားဖံုးေသြး ယိုေနရင္၊ ႀကမ္းႀကမ္းတမ္းတမ္း နမ္းလို႔
ပြန္းပဲ့ျပီး ေသြးထြက္လာရင္ ကူးစက္ ႏုိင္တယ္။
•
ဒဏ္ရာ အနာတရ၊ ပြန္းပဲ့နာမ်ိဳးရွိေနသူမွာ အဲဒီေနရာကို ေရာဂါပိုးရွိသူရဲ႕ ေသြးနဲ႔
ထိေတြ႕မိရင္ ကူးစက္ႏိုင္တယ္။
•
ေရာဂါရွိတဲ့ လူမမာကို ျပဳစုုတဲ့အခါ လူနာရဲ႕ ခႏၶာကိုယ္က ထြက္တဲ့ အရည္ေတြ (ဥပမာ အနာက
ထြက္တဲ့ အရည္၊ ခၽြဲ၊ သလိပ္) ေတြထဲမွာ ေရာဂါပိုး အနည္းအက်ဥ္း ပါႏိုင္လို႔
ကိုင္တြယ္တဲ့အခါမွာ လက္အိတ္နဲ႔ ကိုင္တြယ္ပါ။ ျပီးရင္လဲ လက္ကို ခ်က္ခ်င္း ေဆးပါ။
•
ဒဏ္ရာေတြ အနာေတြ ရွိရင္ လံုေအာင္ ပတ္တီး စီးထားပါ။
•
သြားတိုက္တံ၊ လက္သည္းညွပ္၊ နဲ႔ မုတ္ဆိတ္ရိတ္ ကိရိယာေတြကို မွွ်ျပီး မသံုးပါနဲ႔။
•
ေဆးထိုးအပ္ေတြကို ျဖဳတ္ျခင္း တပ္ျခင္း မျပဳလုပ္နဲ႔။ အပ္ေတြကို ကေလးရွိရာ
ေနရာေတြမွာ မထားပါနဲ႔။
HIV positive ကိုယ္၀န္ေဆာင္
HIV
ပိုးရွိေနတဲ့ ကိုယ္၀န္ေဆာင္ မိခင္ကေန ေမြးလာမဲ့ ကေလးကို ကူးစက္ႏိုင္တဲ့
အခြင့္အလမ္း ၁၅-၃၀% ရွိတယ္။ ကူးႏိုင္တဲ့ နည္းေတြက -
(၁)
ကိုယ္၀န္ေဆာင္ေနတံုး၊
(၂)
ေမြးဖြါးျဖစ္စဥ္ ျဖစ္ေနတံုး (၁၀-၂၀%) နဲ႔
(၃)
ႏို႔တိုက္ေနတံုး (၁၀-၁၅% ထပ္ေဆာင္းတယ္) ကေန ျဖစ္ႏိုင္တယ္။
ကိုယ္၀န္ေဆာင္ေနတံုး
အခ်င္းကေန သေႏၶသားဆီ မ်ားေသာအားျဖင့္ မေရာက္ပါ။ မိခင္က က်န္းမာေရး ေကာင္းေနရင္
အခ်င္းက အကာကြယ္ ေပးရာေတာင္ က်ေသးတယ္။ ဒါ့ေၾကာင့္ (၁) မိခင္ေလာင္းက အစာအာဟာရ
ေကာင္းေကာင္း စားဘို႔ လိုတယ္။ (၂) တျခားေရာဂါ (ငွက္ဖ်ား၊ တီဘီ၊ ဆီးေအာင့္၊)
မ၀င္ေအာင္ ဂရုစိုက္ရမယ္။ (၃) မိခင္က HIV ေဆးကုေနရင္ ကေလးကို ကူးစရာအခြင့္အလမ္း ၂%
သာရွိလို႔ ေဆးကုပါ။
ဒီလိုျဖစ္တဲ့
သား-အမိကို ခ်က္ခ်င္း ေဆးကုရမယ္။ ARV (Nevirapine or Zidovudine) ေဆးေပးရမယ္။
Nevirapine ေဆးကို ေမြးဖြါးေနတဲ့မိခင္ကို တလံုး၊ ကေလးကို ၇၂ နာရီအတြင္း ၁
လံုးေပးရမယ္။ Zidovudine ေဆးကို ကုိယ္၀န္ ေဆာင္ေနတံုး မေမြးခင္ ၆ လမွာ ေပးထားရင္
ကူးစက္တာ နည္းေစတယ္။
အေမရိကားမွာ
ဒီေဆးကို စသံုးခဲ့ျပီး၊ အခု တျခားေဆးနဲ႔ တြဲေပးေနတယ္။ ေဆးကို ကိုယ္၀န္ ၃
လေနာက္ပိုင္းမွာ ေပးတယ္။ ဘာအကာအကြယ္မွ လုပ္မထားရင္ ကေလးဖြါးေနတံုးမွာ မိခင္ကေန
ကေလးကူးဘို႔ ၁၀-၂၀% ရွိတယ္။ ေသြးနဲ႔ ေရျမႊာရည္နဲ႔ ထိရင္ ကူးတယ္။ ဒါ့ေၾကာင့္
ေရျမႊာအိတ္ကို ေစာျပီးေဖါက္ ေမြးမေပးရဘူး။ Episiotomy ေမြးလမ္းခ်ဲ႕ ေမြးတာလည္း
ေရွာင္ရမယ္။ LSCS ခြဲေမြးနည္းက ကူးစရာလမ္း နည္းေစတယ္။
ပိုးရွိမိခင္က
ႏို႔တိုက္လို႔ ကေလးကူးရတာ ၁၅% ရွိတယ္။ ႏို႔ေစာေစာ ျဖတ္သင့္တယ္။ ႏို႔မတိုက္ေလ
ကူးဘို႔အခြင့္ နည္းေလ။ မၾကာေသးခင္ကဘဲ HIV ပိုးရွိသူ မိခင္ေတြက ႏို႔တိုက္တာကို WHO
က တားျမစ္ လိုက္တယ္။ မေအကို ေဆးကုသမႈ ခံဘို႔နဲ႔ ကေလးမွာ ေရာဂါပိုး ရွိ-မရွိ
ေစာႏိုင္သမွ် ေစာျပီး (၆ ပတ္အတြင္း) ေဆးစစ္ဘို႔ပါ အၾကံျပဳတယ္။ ကေလးက
ေရာဂါပိုးရွိလို႔ ေစာေစာ ေဆးမကုရင္ ၂ ႏွစ္ထက္ အသက္ မရွည္ဘူး။
ကေလးေတြမွာ
အမ်ားအားျဖင့္ အသက္ ၈ လခန္႔မွာ ေရာဂါလကၡဏာေတြ ေပၚလာ တတ္တယ္။ တစ္ခါတစ္ေလ ေမြးျပီး
မၾကာခင္ စေပၚ ႏိုင္တယ္။ လကၡဏာေတြက -
•
ကေလးႀကီးထြားမႈ မရွိျခင္း၊ ႀကီးထြားမႈ ေႏွးေကြးမယ္၊
•
အသည္း၊ ေဘလံုး၊ အက်ိတ္မ်ား ႀကီးထြားေနမယ္၊
•
မႀကာခဏ ဖ်ားျခင္း၊ ကူးစက္ေရာဂါမ်ား ခံစားရျခင္းစတဲ့ လကၡဏာေတြ ေတြ႔ရတတ္တယ္။
သံမဏိ
စည္းမ်ဥ္း ၅ ခ်က္
1.
အေျခအေနမွန္ကို ရွင္းရွင္း သိေနၾကေအာင္ ပြင့္ပြင့္လင္းလင္း ေျပာပါ။ စိုးရိမ္တာ
ရွိသမွ် ထုတ္ေျပာပါ။ တေယာက္ အေပၚ တေယာက္ ရိုးသားပါ။ ကုိယ္ထင္တာကို တရားသူၾကီးလုပ္ျပီး
ဆံုးျဖတ္ခ်က္ မခ်ပါနဲ႔။
2.
အေၾကာက္ မလြန္ပါနဲ႔။ မီးဖိုနဲ႔ အိမ္သာ အတူသံုးရတာနဲ႔ ပိုးက ကိုယ့္ဆီ
ကူးမလာႏိုင္ပါ။ အတူေနေလ့ရွိၾကတဲ့ ညီအကိုလို၊ ေမာင္ႏွမလို၊ သားအမိ-သားအဖလို၊
အခန္းကို (ရွယ္) လုပ္ေနေလ့ရွိတဲ့ သူငယ္ခ်င္းလို ေနၾကတာက စိုးရိမ္စရာ နတၳိပါ။
3.
HIV အေၾကာင္း က်န္းမာေရး-လူမႈေရး သုတေတာ့ ေလ့လာထားၾကပါ။ တိတိပပ ေျပာပါ့မယ္၊ “ေသြး၊
မိခင္ႏို႔၊ က်ား-သုတ္ရည္၊ မ-ဗဂ်ိဳင္းနားက အရည္၊ ” ဤေလးမည္ကေနသာ ကူးပါတယ္။
လက္ျခင္းထိ၊ ပါးျခင္းအပ္၊ ေက်ာျခင္း ကပ္ယံုနဲ႔ လံုး၀မကူးပါ။ သြားထိလို႔
ဓါတ္လိုက္မွာလား ေၾကာက္စရာ မထားပါနဲ႔။ စာအတူ ဖတ္ပါ၊ တီဗြီအတူ ထိုင္ၾကည့္ပါ။ ထမင္း
တစားပြဲထဲ ထိုင္စားပါ။ ေညာင္းလို႔ ႏွိပ္နင္းေပးလဲ ေရာဂါ မရပါ၊ ကုသိုလ္သာ ရပါမယ္။
4.
သူ႔ အတြင္းေရး-လံုျခံဳမႈကို ေလးစားပါ။ တစိမ္းတရံေတြကို “သူကေရာဂါသည္” လို႔
မလိုအပ္ဘဲနဲ႔၊ ႏွိမ္ခ်င္တဲ့ သေဘာနဲ႔ မေျပာပါနဲ႔။
5.
စည္းကမ္း-ကလနား သတ္မွတ္ထားပါ။ ကုိယ့္ပစၥည္း လာသံုးတာကို အျပတ္ျငင္းပါ၊
အားမနာပါနဲ႔။ ေဆာရီး ေလာက္နဲ႔ မရပါ။ ပိုးရွိသူကေန ခ်တဲ့ စည္းကမ္းကိုလည္း
တျခားလူေတြက လိုက္နာၾကပါ။
ဒီလိုေရာဂါအတြက္
အင္မတန္ စိတ္ထားျမင့္တဲ့ “ဆိုရွယ္-၀ပ္ကားစ္” ေတြ ျဖစ္ႏိုင္ၾကပါတယ္။ ဆရာ၀န္ေတြမွ
မဟုတ္ပါ၊ ႏိုင္ငံလွည့္ျပီး၊ ကမာၻလွည့္ျပီး၊ ေရာဂါကာကြယ္ေရး အသိေပးသူေတြ မနည္းပါ။
crd; Dr. တင့္ေဆြ
Subscribe to:
Post Comments (Atom)
HIV အမေးအဖြေ
Unicode မကြာခဏမေးလေ့ရှိသောမေးခွန်းများ Q: HIV နှင့် AIDS ဘာကွာသနည်း။ A: “HIV”နှင့်“AIDS”ဟူသော အခေါ်အဝေါ်များသည် ရောဂါတစ်ခုတည်းကို ရည...

-
ကာလာသားရောဂါ (Syphilis) အကြောင်းသိကောင်းစရာ လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်၍ ရေရှည်၌ ခများကိုယ်တွင်းအင်္ဂါအများစုကို ...
-
Unicode .......... ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခဲ့ပြီလား စိတ်သောက ရောက်မနေပါနဲ့ သွေးစစ်ကြည့်တာ အကောင်းဆုံး အဖြေတစ်ခုပါ။ ____________...
-
Unicode ... စိတ်ရှည်ရှည်နဲ့ ဖတ်ပါ HIV ပိုးကို ၁၉၈၁ ခုနှစ်က စတွေ့ခဲ့ပြီး၊ HIV/AIDS ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ...
No comments:
Post a Comment